Unicode
အခန်း ၃၁ - ငါ ကတိပေးတယ်
သွေးအများကြီး ဆုံးရှူံးခဲ့ရပြီး စွမ်းအား အလွန်အကျွံသုံးစွဲမှုတို့ကြောင့် ဆမ်မြူရယ် နိုးလာသောအခါ သူ့ခေါင်းက အလွန်မူးနှောက်နေသည်။ သူက ဘယ်တော့မှ မလွတ်မြောက်နိုင်သော သွေးညှီနံ့နှင့်အတူ အကျိုးအပဲ့များကြားတွင် တစ်ဦးတည်း ကျန်နေလိမ့်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် သူ့မျက်လုံးများကို နှုတ်ဆက်နေသည့်အရာမှာ ကနုတ်များထွင်းထားသော သစ်သားမျက်နှာကျက် ဖြစ်သည်။ မျက်နှာကျက်ပေါ်မှာ ချိတ်ဆွဲထားသော မီးဆိုင်းသေးသေးလေးများသည် နွေးထွေးသောအလင်းရောင် ထုတ်လွှတ်နေ၏။ သူက မရင်းနှီးသော မြင်ကွင်းကို မြင်လိုက်ရသည့်အပေါ် အတွေးနက်နေ၏။
အခန်းထဲမှာ ရိုးရှင်းသော ပရိဘောဂများရှိသည်။ သူ၏ဆန့်ကျင်ဘက်တွင် ဟင်းလျာများနှင့် အထက်တန်းဝိုင်များ ပြည့်နေသော သစ်သားစားပွဲပုလေးရှိပြီး အလွန်မွှေးကြိုင်သောအနံ့ကို ထုတ်လွှတ်နေသည်။ လူပုသုံးယောက် ဖြစ်ပုံရသည်။ တစ်ယောက်က အသက်ကြီးပြီး ကျန်နှစ်ယောက်က ငယ်ရွယ်သည်။ သူတို့က သေးငယ်သော်လည်း သူတို့၏အသံတွေက ကျယ်လောင်နေသည်။ သို့သော် မမျှော်လင့်ဘဲ ၎င်းကို ဆူညံတယ်လို့ လူတွေက မထင်မိဘူး။
လူပုလေးများ၏ဆန့်ကျင်ဘက်တွင် မသဲမကွဲပုံရိပ်တစ်ခု ထိုင်နေသည်။ ဆမ်မြူရယ်က သူ၏နောက်ကျောကိုသာ ခပ်ဝါးဝါးမြင်ရသည်။ သူ့မျက်လုံးများကို မှေးကျဥ်း၍ အာရုံစိုက်ကြည့်လိုက်သောအခါ သူ၏သွယ်လျသော ကျောပြင်၊ သူ၏ထူးခြားသော ငွေရောင်ဆံပင်တိုတိုများနှင့် နားရွက်ချွန်ချွန်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ခရမ်းရောင် မျက်လုံးတစ်စုံက ရုတ်ခြည်း ပြူးကျယ်သွားခဲ့သည်။ ဆမ်မြူရယ်၏လက်သည်းများက သူ့လက်ဖဝါး၏အသားထဲသို့ ခပ်နက်နက် စိုက်ဝင်သွားသည်။ သူ မသေခဲ့ဘူးလား? သူ သူ့ကို မသတ်ခဲ့ဘူးလား?
စုဖေးသည် သူ၏ကိုယ်ပိုင်ကမ္ဘာမှ လက်တွေ့လောကသို့ ပြန်ရောက်လာပြီး ဂျိုးနကို ကြည့်လိုက်သောအခါ သူ၏မျက်လုံးများသည် စင်ကြယ်သော ဖခင်တစ်ယောက်၏ မျှော်လင့်ချက်ရောင်ခြည်များနှင့် ပြည့်နှက်နေသည်။ ဂျိုးန...မင်း ကောင်းကောင်း နေရမယ်။ ဒါက ရဲလန်တစ်ခုလုံးမှာရှိတဲ့ လက်နက်ကိရိယာများရဲ့အဆင့်နဲ့ သက်ဆိုင်နေတယ်! ယုံကြည်စိတ်ချရသော လက်မှုနတ်ဘုရားနှင့် လူ့အဖွဲ့အစည်းအပေါ် လက်စားချေလိုစိတ်ပြင်းပြနေသော လက်မှုပညာနတ်ဘုရား အကြား ခြားနားချက်က အတော်ကြီးမားသည်လေ။