Unicode
အခန်း ၁၃ - သောက်ရမ်း သင့်တော်တယ်!
စုဖေးသည် စိတ်အတွင်း၌ ယောက်ယပ်ခပ်နေစဉ် ဆမ်မြူရယ်ကို ကြည့်လိုက်သည်။
တစ်ယောက်က သားမွေးများနှင့် အရိုးများ ပြည့်နေသော သိုလှောင်အိတ်ကို သယ်ဆောင်ထားသည့် အားနည်းသော နတ်သူငယ်ဖြစ်ပြီး အခြားတစ်ယောက်က သတ္တမအဆင့် ရက်စက်ကြမ်းကြုတ်သော သားရဲကို တစ်ချက်တည်း လက်စတုန်းနိုင်သည့် အဇူရာ ဓားသွားကို ကိုင်ဆောင်ထားသည့် စွမ်းအားကြီးသော နတ်ဆိုးဖြစ်သည်။ ဘယ်သူသေမလဲ၊ ဘယ်သူ အသက်ရှင်မလဲ ဆိုတာကို တွေးနေဖို့ လိုသေးလို့လား?
နိုး.. နိုး.. အခြေအနေက အဲလောက်ထိ မျှော်လင့်ချက်မမဲ့သေးပါဘူး။ စုဖေးက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ သူက ကူးပြောင်းလာသူ တစ်ယောက် ဖြစ်သည်။ သူတို့၏ကံကြမ္မာကို သူ ကြိုသိနေပေမဲ့ ဆမ်မြူရယ်က သူတို့ တစ်ယောက်ကိုတစ်ယောက် သေအောင် တိုက်ခိုက်ရမဲ့ ရန်သူတွေဆိုတာ မသိသေးဘူး။ ဒီအားသာချက်ကို သုံးပြီး နတ်ဆိုးငယ်လေးကို ချေမှုန်းဖို့ သူရဲ့ဥာဏ်ရည်(အစီအစဉ်) ကို သုံးနိုင်တယ်! နောက်ဆုံးတော့ လူသားတိုင်းဟာ ကိုယ့်အတွက်ပဲကိုယ် ကြည့်တတ်ကြတယ်။ စုဖေးက ဆမ်မြူရယ်ကို သနားခြင်း အပြည့်နှင့် ကြည့်နေသည်။ ကောင်လေး.. မကောင်းတဲ့ နက္ခတ်အောက်မှာ မွေးဖွားလာတဲ့ မင်းကိုယ်မင်း အပြစ်တင်လိုက်ပါ!
---မင်းက အရမ်းစိတ်ကူးယဉ်တာပဲ။
သစ်ရွက်များသည် လေအေး တိုက်ခတ်မှုနှင့်အတူ လွင့်မြောလာ၏။ ဒါက ညရောက်တော့မည့် လက္ခဏာတစ်ခုပင်။ စုဖေးကို ကြည့်ပြီး ဆမ်မြူရယ်က သူ၏ အသံသြသြဖြင့် မေးလိုက်သည်။
" မင်း မသွားတော့ဘူးလား? "
စုဖေးက လန့်ဖျပ်သွားပေမယ့် အလျှင်အမြန် ပြန်လည်တည်ငြိမ်လာခဲ့သည်။ ဖွီး...သူ အများကြီး တွေးနေတာပဲ။ အခုလက်ရှိ အရေးအကြီးဆုံးကိစ္စက ဂူကို ရှာရန် ဖြစ်သည်။ သူ လိုဏ်ဂူကို ရှာမတွေ့ရင် ဆမ်မြူရယ်က ဘာမှလုပ်စရာတောင် မလိုဘူး။ သူ့ဘာသာ အဆိပ်ငွေ့ ရှူရင်း တစ်ယောက်တည်း သေသွားလိမ့်မည်။