chapter ~>43{ငါ ဘယ်လိုလုပ်သိမှာလဲ... }

3.3K 665 30
                                    

အခန်း 43 - ငါ ဘယ်လိုလုပ်သိမှာလဲ…

ပဉ္စမအဆင့် မီးအမျိုးအစား ရက်စက်ကြမ်းကြုတ်သော သားရဲဖြစ်သည့် မီးလျှံလိပ်နက်သည် အခုတစ်လော စိုးရိမ်ပူပန်၍ သတိချပ်နေခဲ့သည်။ ၎င်းသည် ပဉ္စမအဆင့် ရက်စက်ကြမ်းကြုတ်သော သားရဲအဖြစ်သို့ အသွင်ပြောင်းသွားကြောင့်ပင်။ ထို့ကြောင့် ရက်စက်ကြမ်းကြုတ်သော သားရဲများ ခြေချင်းလိမ်နေသည့် ဘိုးရစ်ချောက်ကမ်းပါး၏ အစာကွင်းဆက်အောက်ခြေမှာ မပါဝင်နိုင်တော့ဘူးဆိုတာ အထူးစဥ်းစားရန်မလိုပေ။ ၎င်းသည် ရက်စက်ကြမ်းကြုတ်သော သားရဲအုပ်ကြီးကို ဖိနှိပ်နိုင်သည်။ သေးငယ်သောဒေသတွင် အခြားသူများအပေါ် အာဏာရှင်ဆန်ဆန် ရက်စက်စွာ ပြုမူနိုင်သည်။

သို့သော် ဘိုးရစ်ချောက်ကမ်းပါးသို့ နတ်ဆိုးနှစ်ကောင်ရောက်လာပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

တိတိကျကျပြောရရင် သူတို့က သမိုင်းမှာ အချိန်တော်တော်ကြာတည်းက ပျောက်ကွယ်သွားခဲ့တဲ့ နတ်ဆိုးမျိုးနွယ်ဝင်တွေ မဟုတ်ဘူး။ သို့သော် သူတို့၏ရက်စက်မှုက နတ်ဆိုးများနှင့် တန်းတူအဆင့်မှာရှိသည်။

နှစ်နှစ်တာ အချိန်လေးအတွင်းမှာ ၎င်း၏ရောင်းရင်းများနှင့် သူငယ်ချင်းများစွာ သေဆုံးခဲ့ရသည်။ ထို့အပြင် သားရဲများ၏ အဆင့်မြင့်မားလေလေ မြန်မြန်သေလေလေပဲ။ တစ်ခြားဖက်တွင်မူ အဆင့်နိမ့်သားရဲများဖြစ်သော ပထမအဆင့်မှ စတုတ္ထအဆင့်ထိ သားရဲများသည် လွတ်လပ်ပေါ့ပါးသောဘဝဖြင့် အေးအေးချမ်းချမ်း နေထိုင်နိုင်ကြသည်။

မီးလျှံလိပ်နက်က ငိုချင်သွားတယ်။ ဝူး ဝူး ဝူး... ဒီလိုကပ်ဆိုးကြီးဖြစ်လာမယ်မှန်းသိရင် ငါ ဘာလို့ ပဉ္စမအဆင့်ကို ရောက်ချင်မှာလဲ? စတုတ္ထအဆင့်မှာပဲ လိမ်လိမ်မာမာလေးနေရင် ပိုလုံခြုံတယ်လေ!

အကြောင်းပြချက်မရှိဘဲ ငါ ငါ့ဘဝကို ပိုဆိုးအောင် လုပ်မိခဲ့တယ်!!

၎င်းသည် လွန်ခဲ့တဲ့ ခုနစ်ရက်၊  ရှစ်ရက်လုံးလုံး ဂူထဲမှာပဲ ပုန်းအောင်းနေခဲ့သည်။ ၎င်းက အစာမစားဘဲနေနိုင်ပေမယ့် ရေမသောက်ဘဲ မနေနိုင်ဘူး။ ၎င်း၏ချုပ်တည်းထားနိုင်တဲ့အကန့်အသတ်ကို ရောက်လာပြီဖြစ်တဲ့အတွက် အပြင်ထွက်ပြီး သောက်စရာတစ်ခုခုရှာဖို့ လိုအပ်လာသည်။

ဂိမ်းထဲသို့ ကူးပြောင်းသွားခြင်းHikayelerin yaşadığı yer. Şimdi keşfedin