Unicode
အခန်း ၉ - ၎င်းက သတ္တမအဆင့် ရက်စက်ကြမ်းကြုတ်သောသားရဲ!
စုဖေးသည် ကျယ်လောင်စွာ စားနေသည်။ သူ ဘယ်လိုတောင် လောဘတကြီး စားနိုင်ရတာလဲ? ရိုးအသော သားပေါက်လေး၏ပါးစပ်က သွားရည်တမြားမြားကျလာပြီး ခက်ခက်ခဲခဲ မျိုချနေရ၏။ သို့သော် ၎င်းက ဆွဲဆောင်ခံနေရသော်လည်း သားပေါက်လေး၏ ဦးခေါင်းက အထက်စီးဆန်စွာ ပင့်မော့ထားဆဲပင်။ ခိုင်မာသော မာနနှင့် ရဲစွမ်းသတ္တိရှိသော ရပ်တည်ချက်ကို ဆက်လက်ထိန်းထားခဲ့ပြီး ၎င်း၏မာနကို အစာတစ်လုပ်အတွက် မစွန့်လွှတ်နိုင်ကြောင်း ပြသနေသည်။ သူ၏မျက်လုံးကြီးကြီးများက တလက်လက်တောက်ပနေပြီး စိတ်အတွင်းမှ ရုန်းကန်မှုကို ဖော်ပြနေသည်။
စုဖေးက ရယ်ချင်သွားသည်။ သူမျက်နှာ၌ အပြုံးကြီးကြီးတစ်ခုရှိနေပြီး သူက အသီးနှင့်မလိုင်အုပ်ထားသော ကိတ်မုန့်တစ်ပိုင်းကို ထုတ်ကာ သူ့လက်ဖဝါးပေါ် တင်လိုက်၏။ ထို့နောက် သူက အသေးလေးကို ကြည့်ပြီး ဆိုလိုက်သည်။
“ မင်းကို ပွတ်သပ်ခွင့်ပေး။ ဒါဆို ဒီမုန့်က မင်းဟာပဲ ”
သားပေါက်လေးက အူလိုက်သည်။ ကိတ်မုန့်တစ်ပိုင်းအတွက် ငါ့ကိုယ်ငါ ရောင်းမဲ့အစား အသေခံလိုက်တော့မယ်!
စုဖေးသည် နောက်ထပ် ကိတ်မုန့်တစ်ပိုင်းကို ထုတ်ပြီး သူ့လက်ဖဝါးပေါ် တင်လိုက်သည်။
“ နှစ်ပိုင်း... ”
သားပေါက်လေးက ချီတုံချတုံဖြင့် ဟိန်းလိုက်သည်။ အခု မင်းက ကိတ်မုန့်နှစ်ပိုင်းနဲ့ ငါ့ကို လာဘ်ထိုးချင်လား! ငါ……ငါ စိတ်မပြောင်းဘူးကွ!
စုဖေးက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူ့အပြုံးသည် ရီဟုံ ဘရိုသယ်၏ မဒမ်နှင့် တူသည်။ သူက အနိုင်အရှုံးပေါ်အောင် လောင်းကြေးကို ထပ်ထိုးလိုက်သည်။ သူက အသေးလေး၏ အရွယ်အစားထက် နှစ်ဆကြီးတဲ့ ကိတ်မုန့်တစ်ခုလုံးကို သူ့လက်ဖဝါးပေါ် တင်လိုက်၏။
သားပေါက်လေး၏ ကြီးမားပြီး ဘလင်းဘလင်းဖြစ်နေသော မျက်လုံးများက ကိတ်မုန့်ကို တည့်တည့် စိုက်ကြည့်နေသည်။ သူ့ပါးစပ်က ဟိန်းဟောက်နေသေးပေမယ့် သူ့ခန္ဓာကိုယ်က နည်းနည်း ရှေ့ကို ရွေ့နေပြီ။