chapter~>8 {စုဖေးနှင့် အိပ်မက်ဆိုးတစ္ဆေ}

5.3K 936 9
                                    

Unicode

အခန်း ၈ -စုဖေးနှင့် အိပ်မက်ဆိုးတစ္ဆေ

စုဖေးသည် သူ ဆိုဖေး အီဗန်၏ ခန္ဓာကိုယ်သို့ ကူးပြောင်းလာသည်ကို သိသောအခါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်သည့် အီဗန်မိသားစု၏ သုတ်သင်ရှင်းလင်းခံရမှုတွင် သူလို ငပျော့ကောင်က ဘယ်လိုဖြစ်လို့ အသက်ရှင်လျက် လွတ်မြောက်လာတာလဲလို့ တွေးမိသည်။

လက်စသတ်တော့ သူ့အမေက သူ့ကို သူမအသက်နဲ့ရင်းပြီး ကယ်တင်ပေးခဲ့တာပဲ။

သူသည် မောဟိုက်လျက် မြေကြီးပေါ်တွင် လှဲချလိုက်သည်။ သူ ပထမဆုံး ကူးပြောင်းလာတဲ့အချိန်ကထက်တောင် ပိုမောပန်းနေသေး၏။

ပြန်စဉ်းစားကြည့်ရင် သူက တကယ်ကို သတိမဲ့လွန်းတယ်။

နေရာရွေ့ပြောင်းမှော်သည် မည်မျှရှားပါးသည်ကို သူ သိထားပြီး သားဖြစ်သော်လည်း ဗစ်အန်းနီတစ်ယောက်တည်း အသက်သွင်းနိုင်သည်ဟု သူ ရူးမိုက်စွာ တွေးခဲ့သေးသည်။ ဗစ်အန်းနီသည် သူမ၏ ကိုယ်ပိုင်သွေးကို သုံး၍ အစီအရင်ရေးဆွဲလိုက်သည်နှင့်
၎င်းသည် ချီသွေးဖြင့် ယစ်ပူဇော်ကာ သွေးဖြင့်သာ အသက်သွင်းနိုင်သည့် တားမြစ်ထားသော နည်းလမ်းတစ်ခု ဖြစ်တာကို သူ သိခဲ့သင့်သည်။

ဒါ့အပြင် ဗစ်အန်းနီက သူ့ကို သိုလှောင်အိတ် ပေးခဲ့သည်။  အကယ်၍ သူမက သူနှင့် အတူတူ ထွက်သွားမယ်ဆိုရင် ဘာလို့ အဲဒါကို သူမကိုယ်တိုင် မသိမ်းထားတာလဲ?

ဒါကို တွေးမိတဲ့အခါ စုဖေးက အရမ်းနောင်တရလွန်းလို့ သူ့အူတွေတောင် အစိမ်းရောင် ပြောင်းတော့မလိုပဲ။

အကယ်၍ သူသာ နည်းနည်းလောက် ပိုသတိထားခဲ့ရင်... အကယ်၍ သူက အခြေအနေကို သေသေချာချာ သုံးသပ်ခဲ့ရင်....

အကယ်၍တွေ အများကြီး ...

စွမ်းအားမရှိခြင်းက သူ့ကို ပြင်းပြင်းထန်ထန် ထိုးနှက်နေ၏။ သူသိခဲ့ရင်တောင် ဘာက ခြားနားသွားမှာမို့လို့လဲ? စုဖေးက သဘောပေါက်လိုက်သည်။ ထိုအရာနှင့် ပတ်သက်၍ သူ ဘာလုပ်နိုင်လို့လဲ? သူက ဗစ်အန်းနီကို အဝေးသို့ ခေါ်ထုတ်သွားနိုင်မှာလား? အဲဒီအစား သူတို့ အတူတူ ပိတ်မိနေတာပဲ အဖက်တင်လိမ့်မယ်!

ဂိမ်းထဲသို့ ကူးပြောင်းသွားခြင်းHikayelerin yaşadığı yer. Şimdi keşfedin