Unicode
အခန်း ၁၅ - အသက်ရှင်သန်ဖို့အတွက် သိက္ခာကို ရောင်းပါ!
ဆမ်မြူရယ် သားရဲ၏အမြူတေကို မျိုချလိုက်တာ မြင်သောအခါ စုဖေးသည် စိတ်သက်သာရာစွာ သက်ပြင်းချလိုက်သည်။ သူက သူ့ခြေထောက်ကို လွှားခနဲ ခုန်ကျော်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော သားရဲဆီသို့ ပြန်ပြေးသည်။
ဒီလောက်လှတဲ့ အမွေးတွေကို မပုပ်သိုးခင်မှာ မြန်မြန် သိမ်းထားရမယ်!
သူ၏အတိတ်အတွေ့အကြုံအရ သူသည် ဓားကို ကျွမ်းကျင်စွာ သုံးနိုင်နေပြီဖြစ်သည်။ သူ၏ [အရေခွံနွှာခြင်း] ကျွမ်းကျင်မှုအဆင့်သည် သိသိသာသာ တိုးတက်လာသည်။ ၎င်းသည် ထိပ်တန်းအဆင့်ပင် ရောက်လုနီးပါးပဲ။ သွေးကို မြင်ဖူးပြီးသားဖြစ်တာကြောင့် ယခင်ကလောက် ကြောက်စရာမကောင်းတော့ချေ။ ထို့အပြင် ကြက်ဆင်သားရဲ၏အမွေးသည် တော်တော် ထူးခြားသည်။ ဖုန်မှုန့်တစ်စက်မျှပင် မမြင်ရဘဲ ပြောက်လက်နေ၏။ သူသည် ၎င်း၏သွင်ပြင်လက္ခဏာများကို မသိသော်လည်း ၎င်း၏အလွန်ကောင်းမွန်သော အသွင်အပြင်ကို ကြည့်လျှင် ၎င်းသည် ရေခဲမီးလျှံသားရဲ၏အမွေးထက် ပိုဖက်ရှင်ကျသည်။
အသွင်ပြောင်းထားသော ဆယ်ရောင်ခြယ် ကြက်ဆင်သားရဲသည် ကြီးကြီးမားမား မဟုတ်သော်လည်း စုဖေး၏ကိုယ်ထက် နှစ်ဆကြီးသေးသည်။ သို့သော်တောင်ကုန်းကဲ့သို့ ရေခဲမီးလျှံသားရဲနှင့် လေ့ကျင့်ဖူးသူ စုဖေးအတွက် ၎င်းက အလွယ်ကလေးပင်။
အရေခွံနွှာခြင်း၊ အရိုးနွှင်ခြင်းနှင့်အသားလွှာခြင်း လုပ်ငန်းစဉ်တို့သည် ချောချောမွေ့မွေ့နှင့် အားသိပ််မစိုက်လိုက်ရဘဲ ပြီးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ အရာအားလုံးကို သိုလှောင်အိတ်ထဲမှာ သေသေသပ်သပ် သိမ်းထားလိုက်သည်။
အိတ်ကို သူ့ရင်ဘတ်ပေါ် ဆွဲတင်လိုက်ပြီး စုဖေးက အပြုံးကြီးကြီးပြုံးလိုက်သည်။ နောက်ဆုံးတော့ သူ့မှာ ကောင်းမွန်တဲ့အရာများ ပြည့်နှက်နေသော သိုလှောင်အိတ်တစ်လုံး ရှိနေတာကြောင့် အခုဆိုရင် လုံခြုံမှုကို ခံစားရပြီလေ။
သူ့ကိုယ်သူ ဂုဏ်ယူနေတုန်းမှာ တိတ်ဆိတ်နေသော ဂူအတွင်း၌ ကျယ်လောင်သော အသံများ ကြားလိုက်ရ၏။