အခန်း ၇၄ - ကျုပ် ခင်ဗျားကို သတ်မှာ။
ဟောလ်က ဒီလိုမျိုးပြောလာတော့ စုဖေး အံ့သြသွားသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် ဘဝင်မကျဖြစ်သွားသည်။ ဘယ်အရာက သူ့အား ဘဝင်မကျစေသလဲဆိုတာ တိတိကျကျ မဖော်ပြတတ်ပေမယ့် တစ်ခုခုမှားယွင်းနေပြီဟု သူ ခံစားမိသည်။
စုဖေးက သူ၏အလိုလိုသိစိတ်ကို
အတိုင်းအတာတစ်ခုအထိ ယုံကြည်တဲ့အတွက် သူ ရှင်းပြလိုက်သည်။“ ငါ မင်းကို ယုံတာ၊မယုံတာက အရေးမကြီးပါဘူး။ ပြန်လည်အသက်သွင်းခြင်း ရှေးဟောင်းပစ္စည်းက စွမ်းအင်အများကြီး မကျန်တော့တာကြောင့် တစ်ကြိမ်ပဲ အသုံးပြုလို့ရတော့မယ်လို့ မင်း ငါ့ကို ပြောခဲ့တယ်လေ။ ဒါကြောင့် အဲဒါကို ငါပဲ လုပ်ဆောင်ဖို့ မျှော်လင့်တယ်။ မင်းက ငါ့ကို ညွှန်ကြားပေးပေါ့။ တကယ်လို့ ကျရှုံးသွားရင် ငါ့မှာ ပြောစရာမရှိတော့ပါဘူး ”
“ ဒါက တစ်ကြိမ်ပဲ သုံးလို့ရတာ အဟုတ်ပဲ။ အဲဒါကြောင့် ငါ မင်းကို ကူညီပေးချင်တာ။ မင်း အဲဒါကို အရင်က တစ်ခါမှမသုံးခဲ့ဖူးဘူးဆိုတော့ နည်းလမ်းမှန်မှန် သုံးနိုင်မယ်ဆိုတာ သေချာလို့လား? ပြီးတော့ ပြန်လည်အသက်သွင်းခြင်း ရှေးဟောင်းပစ္စည်းကို အသုံးပြုဖို့ မင်းမှာ စွမ်းအားအလုံအလောက်ရှိဖို့ လိုတယ်။ စွမ်းအားပိုကြီးလေလေ အောင်မြင်နိုင်ခြေများလေလေပဲ။ ဒါကြောင့် ငါ့ကို လုပ်ခိုင်းတာ ပိုကောင်းလိမ့်မယ် ”
ဟောလ်ပြောတာ အဓိပ္ပါယ်ရှိသည်။ စုဖေးသည် တစ်ခုခုမှားနေပြီဟု ခံစားမိသော်လည်း ဘာမှားနေသည်ကို သူ မပြောနိုင်ပေ။ ထို့အပြင် ဟောလ်သည် သူ့အား ရှေးဟောင်းပစ္စည်းကို ပေးခဲ့သောကြောင့် သူ၏စကားများကို ပြန်ရုတ်သိမ်းရန် မဖြစ်နိုင်တော့ပေ။ ဟောလ်သာ လုပ်ဆောင်မယ်ဆိုရင် အောင်မြင်ဖို့ အခွင့်အလမ်းက အများကြီး ပိုများမှာ သေချာပါတယ်။ ဒါဆို သူ ဘာလို့ သူ့ကို မပေးချင်ရတာလဲ?
“ ကိုယ် လုပ်မယ် ”
တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ဆမ်မြူရယ်သည် ရုတ်တရက် ပြောလာ၏။နှစ်ယောက်သား သူ့ကို တစ်ချိန်တည်း လှည့်ကြည့်လိုက်သည်။
ဆမ်မြူရယ်က ဆက်ပြောလိုက်သည်။