T/N ~> အမှားပြင်ဆင်ခြင်း
#(ဆိုဖေးရဲ့အဖေ)
ဂရင်းလျန် ကို ဂရန့်လန်#(ဘဏ္ဍာတိုက်ပိုင်ရှင်)
ဆင်းဗက် ဘာရမ်ကို ဆဲရ်ဗေ့ ဘာရမ်လို့ ပြန်ပြင်ထားပါတယ်။#နာမည်အပြောင်းအလဲကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ရှင့်။ အရှေ့အပိုင်းတွေကိုလည်း တစ်ခုချင်းစီ ပြန်ပြင်ပေးပါမယ်။
..............
အခန်း 72 -အဲဒီမှာ နဂါးတွေနဲ့ လေနတ်သားတွေပဲရှိတယ်။
ညစာစားချိန်တွင် စုဖေးသည် တော်တော်လေး ဗိုက်ပြည့်သည်အထိ စားခဲ့သည်။ ထို့ကြောင့် သူ အခန်းပြန်ရောက်သောအခါ ကုတင်ပေါ်တွင် အတော်ကြာအောင် လဲနေပေမယ့် အိပ်မပျော်နိုင်သေးချေ။ သားပေါက်လေးကတော့ အားရပါးရစားပြီး တစ်ချိုးတည်း အိပ်ပျော်သွားတာကြောင့် ဒီလိုဒုက္ခမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။ ထို့ကြောင့် သူက သူ့အခန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေပြီ။
စုဖေးသည် အခန်းထဲမှာ အကြိမ်ပေါင်းများစွာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေပေမယ့် မအီမသာဖြစ်နေဆဲဖြစ်တာကြောင့် ဆမ်မြူရယ်က သူ ဖတ်နေတဲ့စာအုပ်ကို ပိတ်လိုက်ပြီး အကြံပေးလိုက်သည်။
“ အပြင်ထွက်ပြီး လမ်းလျှောက်ရအောင် ”
စုဖေးက ထို့သို့တွေးနေခဲ့တာဖြစ်သည်။ ထို့ကြောင့် ဆမ်မြူရယ်နှင့်အတူ ပျော်ပျော်ရွှင်ရွှင် ထွက်သွားလေ၏။
သူ နဂါးတောင်ကြားကိုရောက်တာ နှစ်ရက်သာရှိသေးသဖြင့် သူ့မှာ လမ်းလျှောက်ဖို့ အခွင့်မသာခဲ့ဘဲ အဝေးကနေ လှမ်းမျှော်ရုံသာ ကြည့်နေခဲ့ရသည်။
နဂါးတောင်ကြားရှိအိမ်များသည် အများအားဖြင့် သစ်ပင်အိမ်များဖြစ်သည်။ ၎င်းတို့သည် အလွန်မြင့်မားပြီး လှေကားမရှိပေ။ တကယ်တော့ စုဖေးက နားမလည်နိုင်တဲ့အရာရှိသည်။ နဂါးများသည် အလွန်ကြီးမားလေသည်။ သစ်ပင်အိမ်များသည် အလွန့်အလွန်ကြီးမားသော်လည်း ၎င်းအတွင်း၌ နဂါးများ ဝင်အိပ်ရန် မဖြစ်နိုင်ပေ။ ၎င်းက တကယ့်ကို ထူးဆန်းပေသည်။