Unicode
အခန်း ၄၀ - လူကြောက်တဲ့ရောဂါ : ငါ့ကို မခေါ်နဲ့တော့!
"ငါ မင်းကို အားကိုးနေတာလား"
စုဖေး သူ့ပါးစပ်က ထွက်လာသည့်စကားကြောင့် ကြက်သေသေသွားသည်။
ချီးပဲ... လောင်ဇီက နူးညံ့သိမ်မွေ့တဲ့ Shouလက္ခဏာ ရှိနေတာများလား? ဒီစကားကို ဘယ်လိုများ ပြောထွက်နိုင်ရတာလဲ? စိတ်ထဲမှာ ဒီလိုအတွေးမျိုးရှိတယ်ဆိုရင်တောင် အကျယ်ကြီး ထုတ်မပြောသင့်ဘူးလေ။ gongတစ်ယောက်က တစ်စုံတစ်ယောက်ကို အားကိုးကြောင်း တစ်ကယ်ကြီး ဝန်ခံလိုက်တယ်ပေါ့။ မင်းမျက်နှာကို ပစိဖိတ်သမုဒ္ဒရာထဲ ပစ်ချချင်နေတာလား? ငါ့ရဲ့ဂုဏ်သတင်းမှာ ဒီလိုအစွန်းအထင်းရှိနေရင် gongအသိုင်းအဝိုင်းမှာ ဘယ်လိုလုပ် မျက်နှာပြရဲပါတော့မလဲ?
ကောင်းပြီလေ။ နူးညံ့သိမ်မွေ့တဲ့
gongတွေလည်းရှိပါတယ်
...ဒါပေမဲ့ သူတို့ရဲ့ စျေးကွက်ပမာဏက သိပ်မများဘူး။ shou မောင်းမဆောင်ရှိတဲ့ သိမ်မွေ့တဲ့gongကို မင်း မြင်ဖူးလို့လား? လောင်ဇီရဲ့အပြင်ပန်းသွင်ပြင်က အလွန်အမင်း ဖိနှိပ်နိုင်တဲ့ အဆုံးစွန်gongကနေ အဆုံးစွန်shouကို ပြောင်းသွားတာနဲ့တင် လောင်ဇီ ပါးစပ်အပြည့်သွေးအန်နေပါပြီနော်။ ဒီတစ်ခါတော့ ငါ့ရဲ့ အတွင်းကလီစာတွေတောင် ယိုယွင်းလာသလိုပဲ။ ဒီဘဝနဲ့ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ?မဖြစ်ဘူး။ ဒါကို ချက်ချင်း ပြင်ရမယ်! စုဖေးသည် သူ၏gong ရောင်ဝါကို အဖတ်ဆယ်ရန် သူဘာလုပ်နိုင်မလဲဆိုတာကို တွေးတောဖို့ သူ့ဦးနှောက်ကို အလုပ်ပေးလိုက်သည်။
ထိုအချိန်တွင် ဆမ်မြူရယ်သည် သူ့အား ကသိကအောက် အခြေအနေမှ လွတ်မြောက်ရန် ထောက်ထားညှာတာစွာဖြင့် လမ်းစရှာပေးခဲ့သည်။
"မင်းက ငါ့ကို မှီခိုနေတာမဟုတ်ပါဘူး။ ငါ့ကို ယုံကြည်နေတာ။ မင်း ငါ့ကို လိုအပ်နေတာပါ "
ဆမ်မြူရယ်သည် နူးညံ့မှုတွေပြည့်နေသည့် မျက်ဝန်းများဖြင့် သူ့ကို ငေးကြည့်ပြီး ဆိုလာသည်။
"မင်းက ငါ့ကို ပျော်ရွှင်စေတယ်"
ဤအခိုက်အတန့်တွင် အလွန်အသုံးများ၍ အလွန်တိကျသော ဥပမာတစ်ခုဖြင့် ပြောရရင် စုဖေးသည် သူ့နှလုံးသားတည့်တည့်ကို မြှားတစ်စင်းဖြင့် ပစ်ခံလိုက်ရခြင်းပင်။ အပစ်ခံရပြီးနောက် သူ့နှလုံးခုန်သံများက မူမမှန်ဖြစ်လာပြီး ရင်ဘတ်ထဲတွင် ကျယ်လောင်စွာ ခုန်ပေါက်လာသည်။ စုဖေး၏နှလုံးခုန်သံသည် မြန်လွန်းသဖြင့် သူ့ခေါင်းကို ချာခနဲလှည့်လိုက်သည်။ သူ့မျက်နှာမှာ အလွန်နီရဲနေခဲ့သည်။