အခန်း ၄၅ - ရှေးဟောင်းရတနာသိုက်...
စုဖေး ဂိမ်းကစားတုန်းက သူ သိပ်မခံစားခဲ့ရပေ။ သို့သော် အခုသူ ရဲလန်တွင်ရှိနေစဉ် အနည်းငယ် ရင်းနှီးသော်လည်း စိမ်းသက်နေသည့် ထိုမျက်နှာများကို ကြည့်လိုက်သောအခါ သူ စိတ်လှုပ်ရှားလာသည်။
သူက မျိုးနွယ်ကြီးကိုးခုမှ shouကိုးယောက်ကို ကြည့်လိုက်သည်။ သူတို့က သခင်လေး သို့ မင်းသားလေး မဟုတ်ပါက ခေါင်းဆောင်များ သို့ ဘုရင်များဖြစ်သည်။ သူတို့အားလုံးက အဆင့်အတန်း မြင့်ကြသည်။ အာဏာနှင့် ကြွယ်ဝချမ်းသာကိုပြောရရင် သူတို့က ရဲလန်၏ထိပ်ဆုံးနေရာတွင် ရှိကြသည်။
ပြီးတော့ သူ...သူက တကယ်ကြီး သူတို့ကို သူ့မောင်းမဆောင်ထဲကို ဆွဲသွင်းနိုင်ခဲ့တယ်လေ။ ကျွတ်ကျွတ်...စုဖေးက သူ့ကိုယ်သူတောင် ပြန်ကြွေချင်သွားတယ်! ဟဲဟဲ!
အရမ်းမိုက်တယ်! အရမ်းလန်းတယ်! အရမ်းဆွဲဆောင်မှုရှိတယ်! ဒါမှ တကယ့်gongအစစ်ကွ!
သူက သူ့ဘေးရှိ တကယ့်အဆုံးစွန်gong ကြီးကို ကြည့်လိုက်သည်။ သူက သူတို့ထဲက တစ်ယောက်ကိုတောင်မှ မသိမ်းပိုက်နိုင်ရှာဘူး။ ဟူး... စုဖေးသည် သူက သနားစရာကောင်းတယ်လို့ တွေးလိုက်တယ်။
ကျွတ်ကျွတ်... သနားဖို့ကောင်းလိုက်တာ! ကံမကောင်းစွာပဲ shouလေးကို ဖြားယောင်းသွေးဆောင်ရန် နည်းလမ်းက သင်ပေးလို့မရဘူးလေ။ သူရဲ့စွမ်းဆောင်ရည်ပေါ်မှာပဲ မူတည်နေတယ်။ ဆမ်မြူရယ်ကို ကူညီဖို့ သူ ဘာမှမလုပ်ပေးနိုင်ဘူး။
မတွေ့တာ နှစ်နှစ်ရှိပြီဖြစ်သော မန်စီ သြဂတ်သည် ပို၍စကားနည်းလာပြီး စိမ်းကားလာသည်။ သူ တစ်ယောက်တည်း မဟုတ်ပေ။ သူနှင့်အတူ လိုက်ပါလာသော နတ်သူငယ် ငါးယောက်ခြောက်ယောက်ခန့်ရှိသည်။ သူတို့သည် သွေးသန့်နတ်သူငယ်များဖြစ်ကြောင်း သူတို့၏ အသွင်အပြင်မှ မြင်တွေ့နိုင်သည်။ မန်စီ၏လျစ်လျူရှုသောအကြည့်သည် ဧရာမအက်ကွဲကြောင်းပေါ်တွင်သာ စွဲမြဲနေခဲ့သည်။ သူက ဘယ်သူနဲ့မှ စကားမပြောဘူး။ ယခင်က သူ၏ငွေရောင်မျက်လုံးများသည် ဆီးနှင်းပွင်နှင့်တူပြီး လေထုထဲသို့ အအေးဓာတ်ကို ထုတ်လွှတ်လေ့ရှိသည်။ သို့သော် အခုတော့ ၎င်းတို့က ရေခဲတောင်နှင့်တူပြီး လေထဲသို့ အအေးလှိုင်းများ ထုတ်လွှတ်နေသည်။