chapter ~>44{- ဒါက ငါ့ရဲ့မောင်းမဆောင်က Shouလေးတွေ မဟုတ်လား?}

3.4K 580 25
                                    

Unicode

အခန်း 44 - ဒါက ငါ့ရဲ့မောင်းမဆောင်က Shouလေးတွေ မဟုတ်လား?

ကောင်းကင်တွင် ဒီဧရာမအက်ကွဲကြောင်းကြီး ပေါ်လာခြင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားသူမှာ စုဖေးတစ်ယောက်တည်း မဟုတ်ပေ။ ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ ရဲလန်ရှိ မျိုးနွယ်ပေါင်းစုံကလူတိုင်းလည်း ထိတ်လန့်သွားကြသည်။

အသိအမြင်နည်းပါးသော လူများက ကပ်ဆိုးကြီး ကောင်းကင်ဘုံမှ ဆင်းသက်လာပြီး ကမ္ဘာကြီး၏အဆုံးသတ်နီးလာပြီဟု ထင်မြင်ယူဆကြသည်။ သူတို့က တတ်နိုင်သမျှ စားသောက်ထားကြသည်။ ဖွင့်မပြောရသေးတဲ့သူများက မြန်မြန်ဆန်ဆန် ဖွင့်ပြောကြသည်။ လက်မထက်ရသေးတဲ့သူတွေက မြန်မြန်လက်ထက်ကြသည်။ လက်ထက်ပြီးသွားတဲ့လူတွေက သူတို့အိမ်ထောင်ဖက်နှင့် အကြိမ်အနည်းငယ်လောက် အတူတူကုန်ဆုံးကြသည်။ ဒါမှ ကောင်းကင်ကြီး ပြိုကျလာပြီး ကမ္ဘာမြေကြီး ကွဲထွက်သွားတဲ့အခါ နောင်တမရှိဘဲ သေဆုံးနိုင်မှာဖြစ်သည်။

ဗဟုသုတရှိသော လူများက ဒေါသတကြီးဖြင့် စားပွဲများကို လှန်ပစ်ကြသည်။ ခွက်များကို နံရံသို့ ပေါက်ခွဲကြသည်။ ကုတင်ခြေရင်းကို ကန်ကျောက်ကြသည်။ ချီးပဲ! နှစ်ပေါင်းငါးထောင်လောက်ကြာမှ ပွင့်လာသင့်တဲ့ ပျောက်ကွယ်နေတဲ့ ရှေးဟောင်းရတနာသိုက်ကြီးက အခုလို ဗြုန်းစားကြီး ပွင့်လာတယ်လား?!

လေ့ကျင့်ရမဲ့သူတွေက မလေ့ကျင့်ရသေးသလို ကြီးပြင်းသင့်တဲ့သူတွေလည်း အရွယ်ရောက်မလာကြသေးဘူး။ သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းနေတဲ့ လူအိုကြီးတစ်စုက မွေးကင်းစငပျော့တစ်သိုက်ကို ခေါ်ပြီး ဒီရှေးဟောင်းရတနာသိုက်ကို သွားရမှာလား? လာနောက်နေတာလား?

ဒါဆို ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင်ရော? တစ်ဆိတ်လောက်! သူတို့ လက်လွှတ်လိုက်ရင် ရှေးဟောင်းရတနာသိုက်ကြီး ပိတ်သွားတဲ့အခါ သူတို့မျိုးနွယ်ကို အခြားမျိုးနွယ်က သိမ်းယူသွားမှာပေါ့!

ဘာပဲဖြစ်ဖြစ် လူတိုင်းရဲ့အခြေအနေက အတူတူပါပဲ။ ဒီအခွင့်အရေးကို သူတို့ လက်မလွှတ်နိုင်ဘူးဆိုတာ ပြောစရာတောင်မလိုဘူး။ ထို့ကြောင့် မျိုးနွယ်စုကိုးခုမှ အကြီးအကဲများသည် လူငယ်များကို လှုံ့ဆော်ပေးရန် အသင့်ဖြစ်နေခဲ့ပြီ။

ဂိမ်းထဲသို့ ကူးပြောင်းသွားခြင်းDonde viven las historias. Descúbrelo ahora