Unicode
အခန်း ၂၀ - ဆန်ကုန်မြေလေး Gong x စျေးပေါတဲ့ Shou
စုဖေးက မန်စီ သြဂတ်ကို စောင့်နေခဲ့သည်။ သူက သူ့ကို ဒီမှာနေဖို့ တောင်းဆိုခဲ့တဲ့အတွက် သူ သေချာပေါက် လာလိမ့်မယ်။ တစ်စုံတစ်ယောက်၏ တံခါးခေါက်သံကို ကြားလိုက်ရတဲ့အခါ စုဖေးက တံခါးဖွင့်ဖို့ ထလိုက်သည်။
ည၏အရောင်သည် နက်ရှိုင်းသော ပင်လယ်ပြင်ကဲ့သို့ နက်ပြာနေသည်။ ပူပြင်းသော နွေရာသီအချိန်မှာတောင် လန်းဆန်းအေးမြသည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
စုဖေးက တံခါးကိုဖွင့်လိုက်တာနဲ့ သူ စကားတစ်ခွန်းမှတောင် မပြောရသေးဘူး၊ အခြားလူတစ်ယောက်၏ အလျင်စလို ပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။ သူ၏သေးငယ်သော အရပ်ကြောင့် သူ့မျက်နှာသည် အခြားသူ၏ရင်ဘတ်တွင် နှစ်မြှုပ်လျက်ရှိသည်။ သူက ပိုးသားအင်္ကျီ၏အေးစက်မှုကို ခံစားလိုက်ရပြီး သူ့ကို ဖက်ထားသော လက်များက ပိုမိုတင်းကျပ်လာခဲ့သည်။ သူ လက်လွှတ်လိုက်တာနဲ့ စုဖေး ထွက်ပြေးသွားမှာကို သူက ကြောက်နေသလိုပဲ။
သူ၏ငွေရောင်ဆံပင်များသည် နက်ပြာရောင်ညတွင် တောက်ပနေပုံရသောကြောင့် အလွန်ဆွဲဆောင်မှုရှိနေသည်။ စုဖေးက ထိုသူ၏မျက်နှာကို မမြင်ရသော်လည်း သူ၏ရှည်လျားသော ဆံနွယ်များနှင့် နားရွက်ချွန်ချွန်များကြောင့် သူသည် မန်စီ သြဂတ်သာ ဖြစ်နိုင်သည်။
ဒါဆို ... ဒါက ဘယ်လိုအခြေအနေကြီးလဲ?
ငါ့ကို ဒီလိုနွေးနွေးထွေးထွေး ပွေ့ဖက်နှုတ်ဆက်လိုက်တယ်ဆိုတော့...ဖြစ်နိုင်တာက မန်စီပေါင်ပေ့က ဒီultimate shouရဲ့ ခန္ဓာကိုယ်အပြင်ပိုင်းကို ထွင်းဖောက်ပြီး သူ့မှာ နက်ရှိုင်းတဲ့ ultimate gong စိတ်ဝိညာဥ်ရှိတယ်ဆိုတာကို ရှာတွေ့သွားလို့များလား? အဲ့ဒါကြောင့် သူက ဆာလောင်မွတ်သိပ်စွာနဲ့ သူ့ကိုယ်သူ ငါ့ရင်ခွင်ထဲကို ပစ်ဝင်ခဲ့တာမလား?
ဒါပေမယ့် ပေါင်ပေ့လေး... မင်း နည်းနည်းလောက် ညင်သာလို့မရဘူးလား? လောင်ဇီက မင်းကြောင့် လည်ပင်းအစ်နေပြီ!
သူ မလှုပ်ရှားနိုင်သလို သူ့အား ဖျစ်ညှစ်ထားသော လက်များကိုလည်း မဖယ်ထုတ်နိုင်ဘူး။ စုဖေးသည် ဆွံ့အနေသည်။ ကံကောင်းထောက်မစွာ မန်စီသည် ဤမှောင်မိုက်ပြီး လေထန်သောညတွင် သူ့ကို လည်ပင်းညှစ်သတ်ရန် စိတ်ကူးမရှိပေ။ နောက်ဆုံးတွင် သူ့စိတ်တွေ တည်ငြိမ်သွားသောအခါ မန်စီသည် စုဖေး၏နားရွက်နားကိုကပ်၍ သက်ပြင်းချလိုက်သည်။