Unicode
အခန်း ၃၄ -ရာသက်ပန် မစွမ်းဆောင်နိုင်တဲ့သူ!
ရဲလန်သည် အနောက်တိုင်းဆက်တင်ပုံစံဖြစ်ပြီး မျိုးနွယ်ပေါင်းများစွာရှိသည်။ မျိုးနွယ်များတွင် မတူညီသော မျက်လုံးအရောင်များရှိသည်။ သို့သော်လည်း ခရမ်းဖျော့ဖျော့သည် ရှားပါး၏။၎င်းသည် မျိုးနွယ်တစ်ခု၏ အမှတ်အသား မဟုတ်သော်လည်း ဤရှားပါးသော ဝိသေသသည် လူအနည်းငယ်ကို ကိုယ်စားပြုသည်။
စုဖေး၏မှတ်ဥာဏ်ထဲ၌ အဲဒီလိုလူတစ်ယောက်ရှိခဲ့သည်။
သူ့အမည်က အမ်မီယာဖြစ်ပြီး လေနတ်သားတစ်ယောက်ဖြစ်သည်။ သူသည် တော်ဝင်မျိုးရိုးမှ ဆင်းသက်လာတဲ့သူ မဟုတ်သော်လည်း သူ၏အဆင့်အတန်းသည် မြင့်မားသည်။
လေနတ်မျိုးနွယ်၌ နှစ်တစ်ရာပြည့်တိုင်း ရှေးဖြစ်ဟောသူတစ်ယောက် မွေးဖွားလိမ့်မည်။ ရှေးဖြစ်ဟောသူ၏စိတ်ဝိညာဥ်က ထာဝရရှင်သန်နိုင်ပြီး သူတို့၏မျိုးဆက်တိုင်းမှာ ပြန်လည်ဝင်စားလိမ့်မည်ဟု လေနတ်သားများက ယုံကြည်ကြသည်။ ရှေးဖြစ်ဟောသူများက လေတစ်ချက်ဝေ့ရင်တောင် ကျိုးပဲ့သွားနိုင်လောက်အောင် အလွန်အားနည်းကြပေမယ့် သူတို့က အနာဂတ်ကို သိမြင်နိုင်စွမ်းရှိသည်။
ဒီစွမ်းအားကြောင့် သူတို့ကို လေနတ်သားများက ကောင်းကောင်း ကာကွယ်ပေးခဲ့သည်။ သူတို့က သူတို့မျိုးနွယ်၏ကြည်ညိုလေးစားခြင်းကို ခံရသည်။ ရဲလန်တစ်ခွင်လုံးက သူတို့အကြောင်းကို သိချင်စိတ်ပြင်းပြနေကြသည်။
သဘာဝကျကျပင် ဒီသိချင်စိတ်ကြောင့် ရည်မှန်းချက်ကြီးသည့်လူ့အချို့က သူတို့အား ထိန်းချုပ်ရန် ကြိုးစားလာကြသည်။
သို့သော် ရှေးဖြစ်ဟောသူများက အတင်းတွန်းအားပေးခံရရင် သူတို့က သူတို့၏ရှေးဖြစ်ဟောနိုင်စွမ်းကို ဆုံးရှုံးသွားလိမ့်မည်။ ထို့နောက် သူတို့၏ခန္ဓာကိုယ်သည် ပြိုပျက်သွားပြီး ပြန်လည်ဝင်စားခြင်းစက်ဝန်းထဲသို့ ကျသွားလိမ့်မည်။
ရှေးဖြစ်ဟောသူကို အတင်းအကျပ်စေခိုင်းသူသည် တစ်သက်လုံး အလွန်ရက်စက်ကြမ်းကြုတ်သော ကျိန်စာကို ခံစားရလိမ့်မည်။ ဘယ်လိုကျိန်စာမျိုး ခံစားရမလဲဆိုတာတော့... ၎င်းက အချိန်တိုင်း မတူညီပေ။