Part 1🌸

7.7K 384 12
                                    

*Unicode*

ဘယ်ပြန်ညာပြန်လမ်းလျှောက်ရင်း ပုတီးစိပ်နေသော အမေသည် ကျွန်တော်ကိုမြင်သည်နှင့်တစ်ပြိုင်နက် စိုးရိမ်တကြီးပြေးလာပြီး မျက်နှာလေးကိုကိုင်ကာ။

"သားလေး စွမ်းမာန် ဘယ်လိုလဲသား၊အဆင်ပြေခဲ့ရဲ့လားဟင်။"

ကတုန်ကယင်လေးဖြစ်နေတဲ့ မေမေ့မျက်နှာကိုကြည့်ပြီး
ခေါင်းကိုငြင်သာစွာခါရမ်းပြကာ

"ဟင့်အင်း။ ရွာတစ်ရွာကိုပြောင်းရွေ့ရမယ်တဲ့လေ။ သားအဆင်ပြေတာမို့ အမေအရမ်းကြီးမစိုးရိမ်ပါနဲ့"

ပြောရင်းဆိုရင်းသား‌ေဇာနဲ့မိခင်မှာမျက်ရည်ပေါက်ပေါက်ကျလာတော့သည်။ကျနော့ ပါးပြင်ပေါ်ကအမေ့လက်ကိုဆုပ်ကိုင်၍ အားပေးနှစ်သိမ့်သော အနေဖြင့်‌ဖျော့လျော့စွာပြုံးပြနေမိသည်။

"အမေရာ ဒီကိစ္စက ကိုကိုမှမမှားတာ။သူမမှားရင်ဘယ်သူ့ကိုမှတောင်းပန်မှာမဟုတ်တဲ့အမေ့သားအကျင့်ကို သိရဲ့သားနဲ့ ဘာလို့ငိုနေမှာလဲ။ အလကားနေ ကိုကိုစိတ်မကောင်းဖြစ်မယ်"

အနောက်ကနေ ၀င်ပြောတဲ့ ညီငယ်စကားကိုကြားကာမှ အမေက ပိုလို့အဖြစ်သည်းလာသည်။

"ရွှတ်...အမေ၀မ်းနည်းလို့ပါသားငယ်ရယ်။ဘယ်လိုနေရာမှန်းမသိ အမေက ဘယ်လိုလုပ်စိတ်ချလက်ချလွတ်ရက်မလဲ အဟင့်"

ပြောရင်းဆိုရင်းပိုပိုရှိုက်ငိုလာသော အမေကိုမနှစ်သိမ့်တတ်တော့ပေ။ စာကြည့်ခန်းတံခါးကကျွီကနဲ ဖွင့်၍ အဖေထွက်လာသည်။ အဖေမျက်နှာထက် စိုးရိမ်သည့်အရိပ်အယောင်ပင်မမြင်။

ကျွန်းစတီခုံတွင်ထိုင်၍ရေးနွေးငှဲ့ကာဖတ်လက်စ စာအုပ်ကိုစိတ်၀င်တစားဖတ်ရင်းဖြင့်
"ငါ့သား ဘယ်လိုသဘောရလဲ။အလုပ်ထွက်ပြီး အဖေ့အလုပ်ထဲမှာကူမလား။ဒါမှမဟုတ်အဲ့ကိုသွားမှာလား"

အိမ်ထောင်ဦးစီးပီသစွာသားသမီးဆန္ဒကို အမြဲဦးစားပေး၍ တွေးပေးတတ်သော အဖေမှာကျနော့၏ဆန္ဒကို တားဆီးမည့်ဟန် မရှိ။ အ‌ဖေ့စကားကို တစ်ခဏစဉ်းစားချိန်
ငိုနေသော အမေ့မျက်နှာကို လည်းထည့်တွေးရသေးသည်ပင်။

"သားသွားမယ်အဖေ။ အဲ့နေရာ၊အဲ့ဒေသမှာတွေ့ကြုံရင်ဆိုင်ရမဲ့စိန်ခေါ်မှုတွေကို စိတ်၀င်စားတယ်။ လူနေမှုဘ၀နဲ့ တခြားများစွာသောအရာတွေကို လေ့လာကြည့်ချင်တယ်။အခုကိစ္စကတောင်းပန်လိုက်ရင် ပြီးသွားမှာဆိုပေမဲ့ မမှားတဲ့ကိစ္စကိုတောင်းပန်ရလောက်အောင် ဟေစွမ်းမာန်တို့ မညံ့ဘူး အဖေ"

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now