Part-19🌸

1.4K 124 9
                                    

Unicode;;

"အားးးးးး"
မျက်လုံးစုံမှိတ်၍ အသံနက်ဖြင့် အော်လိုက်မိသည်။ ထိုချိန်၌ မှော်မီးခွက်မှ လိုရာဆုတစ်ခုတောင်းရမည်ဆိုလျှင် တစ်ခုခုမဖြစ်ရန်။ ဒါမှမဟုတ် အရှေ့ရှိ တစ်စုံတစ်ရာ မြင်ကွင်းရှေ့မှ ကွယ်ပျောက်ရန်သာ တောင်းဆိုမိလိမ့်မည်။ အသက်ပင်ရှူဖို့ မေ့နေလောက်အောင် သွေးပျက်ခဲ့ရသည်။

"ဟေစွမ်းမာန်....ဟေစွမ်းမာန်"
ပုခုံးကိုလက်ဖြင့် ခပ်ကြမ်းကြမ်းကိုင်လှုပ်၍ ပြောလာသံသည် ရင်းနှီးသူ၏ အသံပင်။

"ဟေး မျက်လုံးဖွင့်ပါအုန်း ဟေစွမ်း"

မဝံ့မရဲမျက်လုံးတစ်ဖက်ဖွင့်ကြည့်လိုက်ရာ မြင်းခေါင်းစွတ်ကျယ် အဖြူ၀တ်ထားသော ကိုပိုင်မှ ခန့်ခန့်ကြီးရပ်နေသည်။

"လန့်လိုက်တာ ကိုပိုင်ရာ..."

နှုတ်ခမ်းများပင်ဖြူသွား၍ နဂိုဖြူသောအသားရေသည် ယခုသွေးမရှိသကဲ့သို့ပင်။ ကြက်သီးများထနေသော လက်များကို ပွတ်၍ အရပ်အနည်းငယ်မြင့်သော ကိုပိုင်ကို မော့ကြည့်မိသည်။ မျက်တောင်တစ်ချက်မခတ်ဘဲ အကြည့်စိမ်းစိမ်းများဖြင့် အတန်ကြာအောင် အကဲခတ်နေဟန်။ ထို့နောက် ပုခုံးမှသိုင်းဖတ်၍ မမေးမမြန်း အိမ်ပေါာသို့ တွဲခေါာလာတော့သည်။

ကောင်းကင်တပြင်လုံးသည်လည်း ကြယ်မရှိ၊လမရှိ အမှောင်အတိပင်။ ပတ်၀န်းကျင်သည် လိုအပ်သည်ထက်ပိုတိတ်ဆိတ်နေသယောင်။ လေအေးများကြောင့် ပို၍ပင်ကျောချမ်းစရာ။ တိတ်ဆိတ်လွန်းသည်မှာအပ်ကျသံပင်မကြားရ ။

အိမ်ပေါာထပ်သို့ရောက်သည်နှင့် တံခါးကိုအသေအချာ ဂျက်ချပြီးနောက် ဘုရားစင်တွင်တင်ထား‌သောဖယောင်းတိုင် တစ်တိုင်ကို မီးညှိ၍ ကြမ်းပြင်တွင်ချလိုက်သည်။ ကိုပိုင်သည် တင်ပလင်ခွေထိုင်ပြီး "လာလေ"ဟူ၍ လက်ယက်ခေါာလေသည်။ ကိုပိုင်နှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သောအခါ ကိုပိုင်မှ နှစ်ကိုယ်ကြားရုံအသံဖြင့် စကားစလာသည်။

"ဘာလို့ အောက်‌ဆင်းသွားတာလဲ ဟေစွမ်းမာန်"

"တံခါးခေါက်သံကြားလို့ ပြီးတော့ လူရိပ်လိုလို တစ်ခုခုကို မြင်လိုက်သလိုဘဲ၊ အဲ့တာကြောင့် အောက်ထပ်ကို ဆင်းကြည့်လိုက်တာ"

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now