Unicode;;;
ခြစ်ခြစ်တောက်ပူနေသော နေကြောင့် လုပ်လက်စ စာရင်းအင်းများကို ဘေးတွေပုံချလိုက်သည်။ နေရောင်အောက်တွင် ချွေးတလုံးလုံးဖြင့် မရပ်မနား ရေကန်လုပ်နေကြသော အလုပ်သမားများကို ရုံးခန်း၏ ပြတင်းမှ အကဲခတ်နေလိုက်သည်။ နှစ်ထပ်ဆောင်တွင် အပေါာထပ်၌ ရှိသော ရုံးခန်းမှကြည့်လျှင် ကျောင်း၀န်းတစ်၀န်းလုံးကို မြင်ရ၏။ အိပ်ရေးပျက်ခဲ့သော အရှိန်ကြောင့်ထင် လူသည် ဇက်ကြောများတက်ပြီး နုံချိချိဖြစ်နေသည်။
"ကိုဟေစွမ်း မြလက်ဖက်သုတ်လာပို့ပေးတာ..."
ဇက်ကြောများ သက်သာလိုသက်သာငှာဖိနှိပ်နေရင်း တန်း၀င်မလာဘဲ တံခါး၀၌ရပ်နေသော မြကို ခရီးဦးကြိုရတော့သည်။
"မြရယ် တစ်ခါထဲ ၀င်လာလိုက်ပါလား။ ဘာလို့ရပ်နေတာလဲဗျ ၊လာခဲ့လေ လာ..."
"ဟုတ်..."
ခေါင်းကို ညင်သာစွာငြိမ့်ပြကာဖြင့် ဘယ်ခြေဖြင့် ယဉ်လှစွာ လှမ်းလာ၏။ ကြိမ်ထိုင်ခုံတွင်ထိုင်လိုက်ပြီး လက်ဖက်ပန်းကန်ကို စာပွဲပေါာတွင်ချကာ ထဘီစဖြင့်ခြေမျက်စိများ မပေါာအောင် သေချာဖုံးဖိနေသည်။ အလှပေါာ အယဉ်ဆင့်နေသော မြသည် ထိုင်ရင်းချိုသာစွာပြုံးပြလာသည်။
လက်ဖက်ပန်းကန်ကို အနီးသို့ ဆွဲယူလိုက်ပြီး ဇွန်းဖြင့် ခပ်၍ မြည်းစမ်းလိုက်ရာ ဆီကြောင့် တအိအိဖြစ်နေသောလက်ဖက်သည် ကြွပ်ကြွပ်ရွရွလေးဖြစ်နေသော ပဲနှင့် လိုက်ဖတ်လှသည်။
"လက်ဖက်က ကောင်းလိုက်တာ မြရယ်..."
"ကိုဟေစွမ်းအဖို့ မြကိုယ်တိုင်သုတ်လားတာ..."
"ဟုတ်လား ကျေးဇူးပါဗျာ၊ဒီရောက်ကတည်းက လက်ဖက်သုတ်နဲ့ဝေးနေတာ ခုတော်တော်စားကောင်းတယ်ဗျ
မြရော မစားရသေးရင် စားလေ"မြသည်လည်း ဇွန်းအသစ်တစ်ချောင်းဖြင့် ခူးခတ်စားလေတော့သည်။ ပဲဝါးသံ ပင်မကြားရအောင် ညင်သာစွာ ကြိတ်ဝါးနေသည်။ လက်ဖက်သုတ်နှင့် ရေနွေကြမ်းသည်လည်း မောင်နှင့်မယ်လို လိုက်ဖတ်သောကြောင့် လက်ဖက်စားရင်း သောက်ရန် ရေနွေးကြမ်းကို မြဖို့တစ်ခွက်၊ ကျနော်ဖို့တစ်ခွက် သွန်လောင်းလိုက်သည်။
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸