Part-17🌸

1.6K 156 5
                                    

Unicode;;
  ဆယ်နှစ်လရာသီ၌အထွတ်အမြတ်ထားရသောလမြတ်ဝါဆို။
အချိန်တွေကျော်လွန်ပြီး မနက်ဖြန်ဆိုလျှင်ဖြင့်အခါကြီးရက်ကြီးဝါဆိုလပြည့်‌နေ့သို့ရောက်တော့မည်ပင်။လှူရန်ဒါန်းရန်ချက်ပြုတ်ပြင်ဆင်ရင်းတစ်အိမ်နှင့်တစ်အိမ်လှမ်းအော်သံများကိုကြားနေရ၊မြင်နေရသည်။

"ဆရာကြီးရေ၊ဆရာကြီး"

ထိုင်နေ‌သောသပြေပင်အောက်မှထ၍ကြည့်လိုက်စဉ်အိုက်ပီးတို့ကလေးတစ်အုပ်စု။

"အိုက်ပီးပါလား၊လာလေ အထဲကို လာထိုင်"

"မထိုင်တော့ဘူးဆရာကြီး၊တာနဲ့ဆရာပိုင်ရော"

ကလေးသဘာ၀စူးစမ်းတတ်သကဲ့သို့ လည်တဆန့်ဆန့်ဖြင့် မျှော်ကြည့်နေရာ အိမ်အပေါာထပ်မှ အသံမာမာနှင့်

"ငါဒီမှာကွ ဘာလို့ရှာတာလဲ"

ရေချိုးခြင်းကိစ္စပီးစီး၍ပြင်ပြီးဆင်ပြီးအပေါာမှဆင်းလာသောကိုပိုင်၊ရွာထဲသို့သဝေထိုးမည့်ပုံပင်။

"မနက်ဖြန်ဆိုဝါဆိုလပြည့်လေဆရာ၊အဲ့တာကြောင့် ဆရာတို့ကိုလာကန်တော့တာ "

ကြီးစဉ်ငယ်လိုက်၅ယောက်လောက်ရှိမည့်အိုက်ပီးတို့အုပ်စုလက်တွင်လည်းဘူသီး၊ပြောင်းဖူး၊ဖရဲသီး စသည့်ခရမ်းချဉ်သီးပါမကျန် ခြံထွက်များကိုတောင်းလိုင်အပြည့်ပင်ထည့်သယ်ထားသည်။

"အော် အဲ့ဆိုလာလေ အပေါာတက်ရအောင်"

"မတတ်တော့ဘူးဆရာကြီး၊ဒီမှာဘဲ ကန်တော့လိုက်တော့မယ်၊‌ ခြေတွေလက်တွေပေတူးနေလို့"

ဆော့ကစားထား၍ညစ်ထေးနေခြင်းမဟုတ်ဘဲတစ်အိမ်၀င်တစ်အိမ်ထွက်သက်ကြီးရွယ်အိုများကိုသွားရောက်ကန်တော့ခြင်းကြောင့်ညစ်ပေနေခြင်းဖြစ်သည်။

"ကယ် ကယ် မင်းတို့သဘောဘဲ၊လာဒီအောက်မှာထိုင်လိုက်၊ငါနဲ့ဆရာကြီးတို့ ဒီအပေါာမှာထိုင်မယ် ဟုတ်ပြီလား"

အညီအညာ၀င်၍ဆောင့်ကြောင့်ထိုင်ကာထိခြင်းငါးပါးဖြင့်ကန်တော့နေကြသောကလေးများကိုကြည့်၍အတော်ပင်ပီတိဖြစ်ရသည်။

*အော် ပီတိစားအားရှိဆိုတာမျိုးကို *

"ချမ်းသာပါစေ၊ကျန်းမာပါစေ၊ပညာတတ်ကြီးဖြစ်ပါစေကွယ်၊ရော့ မုန့်ဖိုး"

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteDonde viven las historias. Descúbrelo ahora