Part-22🌸

1.4K 129 6
                                    

Unicode;;

"အမေသားပြန်ရောက်ပြီ"

ရွှဲ့စောင်းနေသော တံခါးမကို တွန်းမရင်း အိမ်ထဲ၀င်လာသော အိုက်မိန်းသည် အသားအရေများပင် နေလောင်၍ နီစပ်စပ်ဖြစ်‌ နေသည်။ ဖနောင့်များလည်း အက်ကွဲ၍ ‌ညစ်ထေးနေသည်။

"ဟင့် ဆရာတို့..."

ကျနော်တို့ကိုမြင်ပြီး ငုတ်တုတ်ရပ်နေသော ကောင်လေးကို ထ၍ တွဲခေါ်ပြီး အနီးတွင် ထိုင်ခိုင်းလိုက်သည်။
မီးဖိုခန်းမှချောင်းသံ တဟွတ်ဟွတ်သည်လည်း မရပ်သွားပေ။
အားငယ်စိတ်များ၊ရှက်စိတ်များခို၀င်သွား၍ ထင် ခေါင်းငိုက်စိုက်ကာ  လက်များကိုဆုပ်နယ်နေ၏။

"အိုက်မိန်း ဘာလို့ကျောင်းမလာတာလဲ ၊ ပြီးတော့ အခုက တောင်ယာကပြန်လာတယ်လို့ မပြောနဲ့နော်"

"ဟုတ်....ဟုတ်တယ် ၊ ဆရာ ကျနော် တောင်ယာကနေပြန်လာတာပါ"

မီးဖိုချောင်မှ တလိပ်လိပ်ထွက်လာသော မီးခိုးငွေ့များသည် အိမ်တစ်ခုလုံးကို ဖုံးအုပ်လာတော့သည်။
အိုက်မိန်းသည် ထိုင်နေရာမှ ရုတ်ချည်းထသွားပြီး တံခါးများ၊ပြတင်းများကို ဆောင့်ကနဲဖွင့်လိုက်သည်။

"အားနာလိုက်တာ ဆရာရယ်၊ အိမ်ထဲမှာ မီးခိုးတွေနဲ့ ကျနော်တို့ အိမ်ပြင်ထွက်ပြီး ပြောကြမလား"

ရေနွေးကရားဗန်းကို ကိုင်မပြီး ကိုင်းညွှတ်စွာ ပြောလာသောကြောင့် ခေါင်းလေးငြိမ့်ပြကာ အိမ်ပြင်သို့ထွက်လာလိုက်သည်။ အပင်အရိပ်အောက်တွင် အနည်းငယ်ဟောင်းနေသော ဖျာတစ်ချပ်ခင်းပေးကာဖြင့် အားနာစွာကြည့်ရင်း ထိုင်ရန်ပြောလာသည်။

"ဖျာက ဒီတစ်ချပ်ဘဲ ကောင်းတာရှိတော့လို့ပါဆရာ၊ ဆရာတို့အဆင်ပြေရဲ့လားဗျ"

"ဟာ ရပါတယ်"

"ဆရာဒီကိုလာတာ ပြောစရာရှိလို့ပါ။
ဘာလို့ကျောင်းအကြာကြီးပျက်နေတာလဲ၊ အဆင်မပြေတာရှိလို့လား"

ခေါင်းကို လေးပင်စွာ ခါပြရင်း အဆင်ပြေကြောင်း၊သာကြောင်းမာကြောင်း ပြောလာတော့သည်။ မျက်လုံးအိမ်တွင်လည်း မျက်ရည်များ ဝေ့သီးနေသည်မှာ အထင်သားပင်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now