Part-37🌸

1.3K 131 10
                                    

Unicode;;;

အမှောင်ယံကြီးစိုးနေသော အခန်းငယ်အတွင်း မီးခွက်တစ်ခုမှ အလင်းရောင် မှုန်ပြပြတစ်ခုသာရှိ၏။ ပစ္စည်းအစုတ်အပြတ်အနည်းငယ်သာ ရှိသည့်ပုံထောက် ဂိုဒေါင်
တစ်ခုဖြစ်လိမ့်မည်။ ပင့်ကူအိမ်များပင် ဖွဲ့သီးနေသည်မှာ လူသူအရောက်အပေါက်နည်းမည်မှာ ကျိန်းသေသည်။

"အား...ငါ့လက်...."

တိုင်တစ်တိုင်နှင့်တွဲ၍ တင်းကြပ်စွာချည်ထားသောကြောင့် လက်များပင် နီကာပွန်းနေလေပြီ။ အနည်းငယ်အားထည့်ကာရုန်းကြည့်သော်လည်း ဘာမှထူးမလာခဲ့။

"နိုးပြီလား..."

အသံကြောင့် မော့၍ မျက်နှာကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

"ဒါဘာသဘောလဲ...ကိုအောင်မိုး...."

ကျနော့မေးသည်ကိုလည်း ဂရုမစိုက် လက်တွင်ကိုင်လာသော ပုံးထဲက အရည်များကို ဂိုဒေါင် ပတ်ပတ်လည် ပတ်ဖြန်းနေသည်။ ဓာတ်ဆီနံ့များ နှာခေါင်းထဲသို့ မဖိတ်ခေါ်ဘဲ အလိုလို၀င်ရောက်လာလေ၏။

"ဓာတ်ဆီတွေ....."

"ဟားဟား...လန့်နေပြီလား...ဟေစွမ်းမာန်...နေရာတကာ၀င်ပါတဲ့ အရှုပ်ကောင်...လန့်နေပြီလား..."

ကိုအောင်မိုးသည် သွေးရူးသွေးတန်းဖြစ်ကာ စူးစူးဝါးဝါးရီမောရင်းဖြင့် ဓာတ်ဆီဗုံးကို ပစ်ချလိုက်သည်။

"မင်းသေရတော့မှာသိလား...ငါ့ကိုယ်တိုင်သတ်မှာ..."

"အား...."

ဆရာ့၏ ပျော့ပျောင်းနူးညံ့သောဆံစများကို ခပ်ကြမ်းကြမ်းဆွဲကာ မော့လိုက်ပြီး အားရသည့်အထိကြည့်လေသည်။ ကိုအောင်မိုး၏ မျက်လုံးများသည် သွေးဆာနေသည့်သားရဲတစ်ကောင်လိုပင်။

"ဆရာအလှလေးကို ကိုယ်တိုင်သတ်ရမှာကျေနပ်စရာဘဲ..."

"ဘာလို့အခုလိုလုပ်တာလဲ...ကိုအောင်မိုးကိုလူရိုးလူအေးလို့ထင်ခဲ့တာ...."

"ဒါကတော့ မင်းလူအကဲခတ်ညံ့တာပေါ့ ဟေစွမ်းမာန်...."

တစ်ဖက်သို့ လှည့်ကာ ခါးထောက်ရင်း ပြောလာသည်။ ကျနော်ကတော့ သူ့လက်ထဲမှာ တကယ် အသက်ဆုံးရတော့မယ်ထင်ပါရဲ့။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now