Part-42🌸

1.8K 133 23
                                    

Unicode;;;;

"သူက ကျနော့ ချစ်သူ " ဆိုတဲ့ စကားအောက် စိုင်းသည် အပူနဲ့ထိတဲ့ရေခဲတုံးပမာ အရည်ပျော်သွားသည်။ ရုန်းနေရာမှ မလှုပ်မရပ် ငြိမ်သက်သွားသောစိုင်းသည် ကျေနပ်ကာ ပြုံးရွှင်ရွှင်လေးဖြစ်နေ၏။

သွေးထွက်သံယိုဖြစ်နေရာမှ အားယူထရပ်ရင်း ထက်တန်သည် စိုင်းကို စိုက်ကြည့်နေခဲ့သည်။ သွေးထွက်နေသော နှုတ်ခမ်းအနားကို ထိကိုင်ရင်း အခဲမကျေစွာ လက်သီးများကို ခပ်တင်းတင်း ဆုပ်နေသည်။

"အဲ့ကောင်က မင်းချစ်သူပေါ့ စွမ်းငယ်"

"အမှန်ဘဲ"

"မင်းသူ့ကိုဘာကြည့်ကြိုက်တာလဲ..."

"အကို့လို ဘောင်မ၀င်တဲ့သူ မိန်းမထဘီနား ခိုကပ်စားနေတဲ့ သူကို အရေးလုပ်ပြီး ရှင်းပြနေဖို့ မလိုဘူးထင်တယ်"

ယောင်္ကျားတစ်ယောက်  မိန်းမအနား မကလို့ သူတောင်းစားနား ခိုကပ်နေရင်တောင် ဆရာအနေနဲ့ အဖတ်လုပ်ပြီး ဝေဖန်စရာအကြောင်းမရှိ။ တကယ်ချစ်တဲ့သူတွေဆိုရင်ပေါ့။ သို့ပေမဲ့ ထိုက်တန်တွင် မွေးရာပါ ချစ်တတ်တဲ့အသဲမပါရှိ။ အခုလည်း ငွေကြောင့်တာ ထိုမိန်းမအနားကပ်နေသည်ကို ဆရာအနေနှင့် သိနေသည်။

အခုလို မှောင်မည်းမည်းနေရာမှာ တွေ့ဖို့ခေါ်ခြင်းဟာလည်း ခွေးကျင့်ခွေးကြံ လုပ်ရန်ကလွှဲ၍ ထွေထွေထူးထူးဘာရှိနေအုန်းမှာလဲ။

"မင်းကအခြောက်ကြီးပေါ့...."

"မင်း သေချင်နေတာလား....."

"စိုင်း....."

ခပ်တိုးတိုးလေးခေါ်ရင်း ခေါင်းခါပြလိုက်သောကြောင့် စိုင်းသည် လက်များကိုလွှဲကာ လွှဲကာဖြင့် အနောက်သို့ လှည့်သွားလေ၏။

"အကိုကရော...ဘာထူးလဲ....ယောင်္ကျားတစ်ယောက်အိပ်နေတဲ့ချိန်တောင် ဖီးလ်တတ်နိုင်တာဆိုတော့ အကိုက ပက်ကြားအက်နေမလားဘဲ...."

"ဟေစွမ်းမာန်...."

"မင်းဘာစောက်ဆင့်နဲ့ ငါ့ဆရာကိုကို ကို့ အသံကျယ်တာလဲ"

ဘယ်လိုတွေခေါ်လိုက်တယ်။ နားကြားမှားသည်ဟု ထင်တာ ခဏလေး မှင်သက်သွားသည်။ "ဆရာကိုကို" ။ ဘယ်သူသင်လိုက်တာတဲ့လဲအဲ့ဒီလိုခေါ်တတ်ဖို့များ။ အရှေ့ရှိ လူ့ငနွားကို သတိမရအား မီးရောင်ဝါကျင့်ကျင့် အောက် တွင် ဒေါသထွက်ကာ အရိုင်းဆန်စွာ ကြည့်ကောင်းနေသော စိုင်းကိုသာ မြင်နေသည်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now