Part-30🌸

1.5K 127 16
                                    

Unicode;;;;

စံအတွက် မျှတမှုရရန် လုံးပန်းနေတာနဲ့ သီတင်းကျွတ် ကျောင်းပိတ်ရက်သည် ရောက်လာ‌မှန်းမသိ ရောက်လာလေသည်။။ လူငနွားကတော့ ထောင်နန်းစံရချေပြီ။ ကလေးများပင် ပထမနှစ်၀က်စာမေးပွဲကို ဖြေဆိုပြီး၍ ကျောင်းပိတ်ရက်ကို ပျော်ပျော်ဖြတ်သန်းကြတော့မည်။ ကျောင်းကြီးသည်လည်း အထီးကျန်စွာ တိတ်ဆိတ်ကျန်ရစ်လေ၏။

ရုံးခန်းထဲရှိ ပစ္စည်းများနှင့် အရေးကြီးသည့် စာရွက်စာတန်းများကို စနစ်တကျသိမ်းဆည်းနေချိန်၌ ကျောင်းထဲတွင် ခွေးတစ်ကောင်၊ကြောင်တစ်မြှီးပင် မတွေ့မမြင်ရတော့။ ရုံးခန်းသည် ၂ထပ်ဆောင်၏ အပေါ်တွင်ရှိနေ၍ နေထိုးလျှင် အလင်းအတော်ရသောကြောင့် ပင်မတံခါးတစ်ပေါက်သာ ဖွင့်ထားလိုက်သည်။

"ဟူးးးမောလိုက်တာ......"

ကြယ်သီးများကို ဖြုတ်၍ ရင်ဘတ်ဟောင်းလောင်းဖြင့် ခဏ အမောဖြေနေချိန် ခြေသံဖွဖွလေးများကြားနေရသည်။
မျက်လုံးစုံမှိတ်၍ စူးစိုက်နားထောင်နေချိန်၌ ဖွင့်ထားသော တစ်ခုတည်းသော တံခါးမကြီးသည် ဂျိမ်းကနဲပိတ်သွားသည်။

"ဘယ်သူလဲ....စိုင်းလား...."

အမှောင်ထဲတွင် စမ်းတဝါးဝါးလှုပ်ရှားရင်းဖြင့် တံခါးနားရောက်အောင်သွားလိုက်သည်။ အားဖြင့်တွန်းဖွင့်သော်လည်း အပြင်မှ သော့ခက်သွားသောကြောင့် အားထုတ်မှုသည်အချည်းအနှီး။ အနီးအနားရှိ ပြတင်းပေါက်ကို ဖွင့်ကြည့်သော်လည်း အပြင်လက်ကိုင်မှ တစ်ခုခုဖြင့် ကန့်လန့်ထားသောကြောင့် ဖွင့်မရနိုင်။

"ဒုန်း "

"ဘယ်သူလဲလို့ မေးနေတယ်လေ...."

"ဖောင်း....."

တံခါးအောက်မှ ပစ်ထည့်ဖောက်ကွဲလာသော ဗြောက်အိုး။
နားများကို လက်ဖြင့်အုပ်ကာ ဟစ်အော်လိုက်မိသည်။

"စိုင်းလား....ဘယ်ကလေးလဲ....နောက်စရာမဟုတ်ဘူးနော်..."

"ဖောင်း....ဖောင်း...ဖောင်း"

ဆက်တိုက်ပစ်ထည့်လာသော ဗြောက်အိုးများကြောင့် ယမ်းနံ့များဖြင့် ယစ်ဝေလေသည်။
စာရေးစားပွဲခုံအနီး ကျောင်းအနောက်ဖက်ကို လှမ်းကြည့်လို့ရသော ပြတင်းပေါက်ကို သတိရကာဖြင့် ဖွင့်လိုက်ရာ အလင်းနည်းတူ သန့်ရှင်းသော လေကိုရရှိလာတော့သည်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now