Part-8🌸

2.3K 219 5
                                    

Unicode;;;

       စိုင်းနှင့် နှစ်ယောက်တည်း ရွာထဲလှည့်ကြည့်ရန် ထွက်လာချိန်သည် နေမင်းကြီးပင် မာန်လျှော့ကာ အိပ်စက်ရန် အားပြုပြင်ဆင်နေပြီ။ နွားရိုင်းသွင်းချိန်ဆိုကြသကဲ့သို့ နွားအုပ်၊ ကျွဲအုပ်များကို ကျောင်းမောင်းလာသော ကလေးများနှင့်လည်း ကြုံမိတွေ့မိသေးသည်။ စိုင်းတစ်ယောက် ထိုကလေးငယ်များနှင့် စနောက်နေပုံမှာ အပျော်များပင် ကူးစက်လာသယောင် ဖျော့တော့စွာ ပြုံးနေမိသည်။
    
      ကောက်စိုက်ပြန်လာသော ရှမ်းပျိုမဒီလေးများကြားလည်း စိုင်းတစ်ယောက် မျက်နှာပန်းလှလွန်း၏။ ခိုးခိုးခစ်ခစ်ရီမောရင်း စူးစမ်းသယောင်ကြည့်တတ်သော ရှမ်းမလေးများသည် နေပူထဲတွင် ရုန်းကန်လှုပ်ရှားနေသူများ ဖြင့်ပါလျက် လှသွေးကြွယ်နေကြသည်ပင်။ ကြက်ပျံမကျစည်ကားသော ရွာလမ်းလေးတွင် စိုင်း တစ်ယောက် အရီအပြုံးမပျက်။

"ဆရာပျင်းနေပြီလား"
နောက်ပြန်လမ်းလျှောက်ရင်း စိုင်းတစ်ယောက်စကားစလာတော့သည်ပင်။

*အခုမှလာပြီးအဖတ်လုပ်နေတယ် ၊ ငါးစိမ်းမြင်ငါးကင်ပစ်ကောင်*

"မပျင်းပါဘူး"
တိုပြတ်ပြတ် အေးစက်စက်လေသံဖြင့်သာ ခွန်းတုံ့ပြန်လိုက်၏။

"မျက်နှာလည်းမကောင်းပါလား ၊ခြေထောက်ညောင်းနေလို့လား ဆရာ"

သက်ပြင်းတစ်ချက်ချ လိုက်ခြင်းသည် စိတ်မရှည်သည်ကိုအရိပ်အယောင်ပြနေသည် ဖြစ်သော်လည်း ယင်းသူသည် သိဟန်မပေါာ။

"မညောင်းဘူး ၊ညောင်းတော့ မင်းကဘာလုပ်ပေးမှာမို့လဲ"

"ကုန်းပိုးပေးမယ်လေ ဟဲဟဲ"

"ရူးနေ‌တာလား၊ ဖယ်ငါ့ရှေ့ပိတ်ရပ်မနေနဲ့  လမ်းလည်းနောက်ပြန်လျှောက်မနေနဲ့ ခလုတ်တိုက်.."

စကားပင်မဆုံးသေး စိုင်းတစ်ယောက် ခလုတ်တိုက်ပြီး နောက်ပြန်ကျကာ နှောက်ချေးပုံနှင့် လက် မိတ်ဆက်လေတော့သည်။ စူပုတ်ပုတ် ချဉ်စုတ်စုတ် မျက်နှာထားဖြင့် လက်များကို ခါရမ်းနေသော စိုင်းပုံစံကြောင့် ရှမ်းမ‌လေးများပင် ဟက်ဟက်ပက်ပက်ရီမောလေတော့သည်။ ရီချင်စိတ်ကိုထိန်းမရဘဲ ဖွင့်ချလိုက်သူများထဲ ကျနော်သည်လည်း ပါ၀င်နေသည်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now