Part-21🌸

1.5K 139 3
                                    

Unicode;;;

"ဝုန်း" ဆိုတဲ့ အသံနှင့်အတူ သစ်သားတုံးတစ်တုံးသည် လေထဲပျံဝဲလာပြီး ထိုမဲမဲကြီးကို ထိမိသွားလေ၏။ မျက်လုံးစုံမှိတ်ထားသော ကျနော်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ရုတ်တရက် သိမ်းကျုံး၍ ဖက်တွယ်ခံလိုက်ရသည်။ မျက်နှာတစ်ခုလုံးကို ရင်ခွင်ငယ်ဆီ၌ အပ်လျက်အ‌နေအထား။
လုံခြုံနွေးထွေးသော ရင်ခွင်၊ တစ်ခါမက ကျရောက်ခဲ့ဖူးသော နေရာမို့ အစိမ်းသက်သက်ဖြစ်မနေ။

တင်းကျပ်စွာ ဖက်သွယ်ထားသော လက်များပြေကျသွားသော အခါ
ခန္ဓာကိုယ်သည် တစ်ခုခုလိုအပ်သကဲ့သို့ ပေါ့လှပ်သွားသည်။
လေအေးနှင့် မိုးစက်များ ရိုက်ခတ်ထားသဖြင့် အေးစက်နေသောပါးနှစ်ဖက်ထက် လက်ဖဝါးဖြင့်ညင်သာစွာ ထိတွေ့လာပြီး မျက်၀န်းနက်နက်များဖြင့် စူးစိုက်ကြည့်လာသည်။ တစ်ချက် တစ်ချက် ၀င်းကနဲ လက်ကနဲဖြစ်သွားသော လျှပ်စီးကြောင့် စိုင်း၏ မျက်နှာကိုလည်း စမ်းတဝါးဝါးမြင်ရသည်။

"ဆရာ အရမ်းလန့်သွားလား၊ ကျနော်ရှိတယ်နော် မကြောက်နဲ့သိလား။ အပေါာတက်ရအောင်နော် "

ပါးပြင်ထက်ရှိ မိုးစက်‌ရေစင်များကို သုတ်ဖယ်ပေးပြီးနောက် အပေါာထက်သို့  တက်ရန် သိမ်းဖက်၍ ခေါာဆောင်လေသည်။
အိပ်ခန်းထဲသို့ တစ်ခါထဲ ခေါာဆောင်သွားပြီး

"ဆရာ ရေစိုနေတဲ့အ၀တ်တွေ အရင်လှဲလိုက်အုန်း၊ ကျနော်အပြင်မှာ စောင့်နေမယ်"

အကြောက်ပြေရန် နားရွက်များကိုပွတ်ကိုင်ပြောဆိုကာ အခန်းထဲမှ ချာကနဲထွက်သွားသည်။

ဆွယ်တာတစ်ထည်ကို ဆွတ်ပြီး စိုင်း၀တ်ရန်အတွက် အင်္ကျီများကို ထုတ်ပေးနေမိသည်။ အောက်ထပ်တွင်ကျကျန်ခဲ့သော ဓာတ်မီးကိုလည်း ကောက်ရန်သတိမရခဲ့သောကြောင့် ဖယောင်းတိုင်မီးရောင် ဝါကျင့်ကျင့် မှုန်တိတိကို အားကိုးရင်းဖြင့် လှုပ်ရှားနေရသည်။

လက်တစ်ဖက်ဖြင့် မီးခွက်ကိုကိုင်ကာ တံခါးကို သော့ခလောက်နှင့်သေချာ ခတ်နေသော စိုင်းထံ ချဉ်းကပ်ပြီးနောက်
တစ်ဖက်လက်မှ အ၀တ်များကိုယူရန် ထိုးပေးလိုက်သည်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ