Part-6🌸

2.8K 282 8
                                    

Unicode;;

      ရှမ်းပြည်နယ်၏ပထမဆုံးမနက်ခင်းလေးသည်ကျေးလက်သဘာ၀ဖြင့် နှိးထလာရသည်။ လင်းကြက်တွန်သံများနှင့် တောင်ယာသွားရန်ပြင်ဆင် ချက်ပြုတ်သံများသည် အစပထမဦးစွာကြားရတော့သည်ပင်။ တစ်အိမ်နှင့်တစ်အိမ် လှမ်းအော်သံများလည်း ရံဖန်ရံခါ ကြားရ၏။
 
     ရာသီဥတုသည် ချမ်းစိမ့်စိမ့်လေးဖြင့် ပတ်၀န်းကျင်သည်မြူများဆိုင်းနေ၏။ နေမင်းကြီးသည်လည်း ထိုးထိုးထွင်းထွင်း လင်းရောင်ဖြန့်ရန် ကြိုးစားနေသည်။ စားကျက်လွှတ်ရန် မောင်းနှင်သွားသောနွားအုပ်ကြီးမှလည်း ခလောက်သံများကိုကြားနေရသည် ။ အရှေ့အရပ်မှ မှိုင်းညို့နေသော တောင်တန်းကြီးသည်လည်း နတ်ဆေးမမှီအလှပန်းချီတစ်ခု‌ပင်ဖြစ်လိမ့်မည်။

"ဝေါင်းးးးးမနက်ခင်းလေးမှာနိုးလာခဲ့အရင်ဆုံး အပျင်းကြောဆန့်ပါတယ်"

စိတ်ရှိလက်ရှိ အကြောများကိုဆန့်ဆွဲရင်း ရွာ၏ လင်းအရုဏ်အလှကို ၀ရံတာမှတ၀ကြီး ခံစားနေစဉ်

"ဆရာ နိုးပြီလား၊ မနက်ခင်းလေးမှာနိုးလာခဲ့အရင်ဆုံး မင်းကိုလွမ်းပါတယ် ဖြစ်ရမှာမဟုတ်ဘူးလားဗျ"

"အင်းဟုတ်တယ်‌လေ လျှောက်ဆိုတာပါ ၊ဘယ်သီချင်းမှရေရေရာရာ မရပါဘူး ဟီး ၊ဒါနဲ့ စိုင်း အစောကြီးရောက်နေပါလား။"
ရီမောရွှင်ပြစွာနိုးထရသော မနက်တိုင်းသည် တစ်စုံတစ်ဦး၏ ဖေးမမှု အမြဲပါ၀င်နေ၏။

"မစောတော့ပါဘူးဆရာရယ် ၊ဒီ‌နေ့ဆရာကျောင်းကို ပထမဆုံးသွားရမှာမို့ ကျနော်ကစားဖို့ သောက်ဖို့ လာပြင်ပေးတာလေ"

"......."

"ဆရာ ငိုင်မနေနဲ့လေ ၊မျက်နှာသစ် သွားတိုက်တော့လေ ၊ရေကန်က အိမ်ရဲ့ဘယ်ဖက်မှာရှိတာ သိတယ်မလား"

"အင်းပါ"ဟုသာပြော၍ ဆပ်ပြာခြင်းကိုဆွဲကာ ရေကန်သို့မျက်နှာသစ်ရန်သွားရတော့သည်။ကိစ္စ၀ိစ္စရှင်းရန်သွားရာ မြို့ကဲ့သို့ကြွေဇလုံအိမ်သာ မဟုတ်ဘဲ ရေလောင်းအိမ်သာဖြစ်သည့်အတွက် အတော်ပင်အဆင်မပြေပေ။

*သူများတောင်အဆင်ပြေတာဘဲ၊ ငါလည်း အဆင်ပြေအောင်နေရမှာဘဲလေ *

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteOpowieści tętniące życiem. Odkryj je teraz