Part-23🌸

1.5K 144 10
                                    

Unicode;;;;

အောက်ထပ်တွင် ထိုင်၍ စကားပြောနေသော ကိုပိုင်နှင့် စိုင်းရှေ့တွင် ထိုအပန်းရောင် ဖိုင်တွဲကို ဖောင်းကနဲပစ်ချလိုက်သည်။

"ဒါဘယ်လိုတွေဖြစ်တာလဲ ဟမ်"

"ဘာလဲ ဆရာ"

"ဖွင့်ကြည့်လိုက်လေ"

စားပွဲ‌ပေါ်က ပန်းရောင်ဖိုင်တွဲကို ကောက်က ဖွင့်ကြည့်လိုက်သည်။
ကိုပိုင်လည်း စိုင်းအနားသို့ ကပ်ကာ ကြည့်လိုက်သေးသည်။
စိုင်းသည် သက်ပြင်းချကာဖြင့် ဖိုင်တွဲကိုပိတ်ကာခုံပေါ်သို့ ပြန်တင်လိုက်ပြီး အသံအေးအေးဖြင့်

"သာမာန်ပါဘဲ ဆရာ၊ မအောင်ချင်လို့လေ"

"မင်းရူးနေတာလား စိုင်း၊ မင်းအဲ့လောက်တောင် အသိစိတ်မရှိရတာလား"

အများသူငှာ လက်ညိုးငေါက်ငေါက် မထိုးလာခင် ကျနော်မှစ၍ လက်ညိုးငေါက်ငေါက်ထိုးလိုက်သည်ကို လွန်မည်မထင်။
ကိုပိုင်လည်း ထိုဖိုင်တွဲကို ရှေ့နောက်သေချာ လှန်လှော်ကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်နေရသည်။

"ကျနော်ပြောပြီးပြီလေ ဆရာ ၊ ကျနော့ဘ၀နဲ့ ကျနော်ရှိပါစေ ဘာဖြစ်နေတာလဲ"

"နောက်ဆုံး ၁ဘာသာကိုမှ ခြစ်ချခဲ့လိုက်တာက မင်းဘ၀ဆိုတာလား စိုင်း။ ဘာစိတ်နဲ့များ အဲ့လိုလုပ်တာလဲ "

"ဒီတိုင်းပါဘဲ..."

"မင်းကွာ...."

စိုင်း၏အင်္ကျီစကို ဆွဲပြီး မျက်နှာကိုစူးရဲစွာကြည့်ကာ ဆောင့်ကာလွှတ်ချလိုက်သည်။

"ကျနော်ကာယကံရှင်တောင် ဘာမှမဖြစ်တာ ဆရာကဘာတွေ မခံမရပ်နိုင်ဖြစ်နေတာလဲ"

"စိုင်းဟန်.."

တစ်ချိန်လုံးငြိမ်နေခဲ့သော ကိုပိုင်၏ ဩရှရှအသံဖြစ်သည်။

"မင်းစကားတွေက လွန်နေပြီနော် စိုင်းဟန်၊ ဟေစွမ်းမင်းအပေါ်ထားတဲ့ စေတနာတွေကို ငါတို့ ဘေးလူတွေတောင် မြင်တယ်၊ မင်းမမြင်ဘူးလားကွ "

စိုင်းကို နားချနေသော ကိုပိုင်ကိုလည်းကောင်း၊ ခပ်တင်းတင်းမျက်နှာထားနှင့် စိုင်းကိုလည်းကောင်း မကြည့်ချင်၍ ကျောပေးကာနေလိုက်သည်။ စိုင်းသည်လည်း မှောင်ရီပျိုးနေသော အပြင်ဖက်ကို ငေးကာဖြင့်တိတ်ဆိတ်နေလိုက်သည်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now