Unicode;;;
"ကိုဟေစွမ်း ဘာတွေတွေးနေတာလဲ ဟိုမှာဈေးရောက်နေပြီ"
လက်ကိုညင်သာစွာရိုက်၍ပြောလာသောမြကြောင့်အတွေးနယ်မှရုန်းထွက်လာရသည်။
"ဘာလဲ မကျော့ရဲ့အလှမှာနစ်မျှောသွားလိူ့လား မောင်ငယ်လေး"
"ဟာ မဟုတ်ပါဘူး"
မကျော့သည်လည်း စကားပြောပွင့်လင်းပြီးစနောက်တတ်သည်။ နောက်ပြီးမောင်ငယ်လေးဟုအမြဲခေါာတတ်သည်။ အကြောင်းမှာကားရွာကမောင်ငယ်လေးကိုသတိရသည်တဲ့။ ရွှင်နောက်နောက် ပြောပြီး မကျော့သည် အလန့်တကြား ဘုရားတလေတော့သည်။
"အမယ်လေး ဘုရား ပလုတ်တုတ် ငုတ်တုတ်ထိုင် "
စိုင်းတစ်ယောက်ရုတ်တရက် ရပ်လိုက်ပြီးတစ်ခုခုအလိုမကျဟန်ဖြင့်မျက်ခုံးများတွန့်ချိုးနေသည်မှာထိလုနီးနီးပင်။
မြသည်လည်း စိုင်းကိုမကျေနပ်ဟန်ဖြင့် ခပ်အုပ်အုပ်လေး ပြောပြန်တော့သည်။
"ဘာလို့ရပ်လိုက်တာတုန်း စိုင်းဟန်"
"အေးလေ ဘာလဲ နင်ရောငါ့အလှမှာကျသွားတာလားဟဲ့"
"အော် မကျော့ရယ် ပေါက်ပေါက်ရှာရှာတွေ"
"ဟဲ့ စတာနော်။ ရှမ်းလေး အတည်ဖြစ်ချင်လည်းရတယ်"
"မကျော့ရယ် ကလေးကိုစမနေနဲ့တော့ လာနောက်ကျရင်နွားချေးနဲ့ဘဲမိမယ် သွားရအောင်"
"အမယ်လေး ဒေါာမြမိုးစက် ညည်းဘဲ တစ်လမ်းလုံးဖင်မနိုင်တဲ့ပုံစံနဲ့နှေးတုပ်နှေးတုပ် လေကန်ပြီးလျှောက်နေပြီတော့အေး အမျိုးမျိုးဘဲ။ ညည်းတတ်နိုင်လွန်းတယ်။"
"အိုးကွယ် မကျော့ ဘာတွေလဲ သွားမယ်သွားမယ်။"
စစနောက်နောက်နှင့် မကျော့နဲ့မြ ဈေးထဲ ခြေကျယ်ကျယ်လှမ်း၍ ခပ်သုတ်သုတ်၀င်သွားလေတော့သည်။ မြတစ်ယောက်နောက်လည့်၍"စွမ်း နောက်ကလိုက်ခဲ့နော်" ပြုံးတုံတုံလေးဖြင့်ပြောသွားသည်။ မြတစ်ယောက်သည် အခေါာအဝေါာကစ အတော်ရဲလာပါသည်လေ။ မြနောက်ကိုလိုက်ရန် ခြေလှမ်းအပြင် တချိန်လုံးတိတ်နေသောကျောက်ရုပ်လူသားမှလက်ကိုဆွဲ၍ "ကျနော့နောက်လိုက်ခဲ့တဲ့လေ"။
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸