Unicode;;;;
လက်တစ်စုံကို အားယူကာ စိုင်းရင်ဘတ်ကို တွန်းထည့်လိုက်သည်။
အားပါလွန်း၍ စိုင်းပင်နောက်ပြန်ထောက်လျက် ကျသွားသည်။
မတ်တပ်ထရပ်လိုက်ပြီး ဟက်ကနဲတစ်ချက်ရီကာ မျက်လုံးနက်များဖြင့် ကြည့်နေသောစိုင်းကို ဆွေကြည့်လိုက်သည်။ ဟက်ကနဲရီလိုက်ခြင်းသည် စိုင်း၏ အချစ်နှင့်လုပ်ရပ်ကို အထင်သေးလိုစိတ်များကြောင့် မဟုတ်။ တွေးထင်ထားသော နေ့ရောက်လာသောကြောင့် လက်ခံရီမောလိုက်ခြင်းဖြစ်သည်။"စောလွန်းမနေဘူးလား"လို့ ကိုယ်တိုင်ပြန်မေးမိတော့ မစောပါဘူး လူနှစ်ယောက်ရင်ထဲ အချစ်တစ်ခု ဖြစ်ပေါ်လာဖို့ အချိန်ဘယ်လောက်မှမလိုပါဘူး။ ဖွင့်ဟ၀န်ခံရန် တုံ့ဆိုင်းနေကြသောကြောင့်သာ ကြန့်ကြာနေခြင်းဖြစ်တာကို လက်ခံလိုက်သည်။
စိုင်းသည်လည်း မတ်တတ်ထလာပြီး မရီမပြုံးကြည့်လာသည်။
ကျနော်လည်း စိုင်းကို ကြိုးစားပြီးပြုံးပြလိုက်မိသည်။ ထိုအပြုံးတွေ ပီပြင်ပြီး တောက်ပနေမည်တော့ မဟုတ်။ စိုင်း၏ ရီဝေဝေမျက်လုံးများသည် မျက်ရည်ကြည်များ ရစ်သိုင်းကာစပြုလာသည်။"ကျနော်.... ဆရာ့ရဲ့....လူ.....ဖြစ်ချင်တယ်...."
ခပ်တိုးတိုးဖြင့် တစ်လုံးစီပြောလာသော စိုင်း၏စကားများသည် ကျနော့၏ ရင်ထဲတိုး၀င်လာပြီး ပုံမှန်လှုပ်ရှားနေသောအရာကို အရှိန်တိုးလာစေသည်။
"ဟားဟား ဒီလောက်တောင်ဘဲလား စိုင်းရယ်"
ဟက်ဟက်ပက်ပက်ရီမောလိုက်ပြီးတော့ စိုင်းထံမှအကြည့်တို့လွှဲကာ အမှောင်တစ်နေရာကို အကြောင်းပြချက်မဲ့စွာ ငေးနေလိုက်သည်။
"ကိုယ်မေးပါရစေအုန်း မင်းကဘာမို့လို့ ကိုယ်က ရွေးချယ်သင့်တယ်လို့ မင်းထင်လဲ"
"......"
"နားလည်အောင် အရှင်းဆုံးပြောရမယ်ဆို ကိုယ့်လိုအဖက်ဖက်ကပြည့်စုံနေတဲ့သူတစ်ယောက်အနေနဲ့ စိုင်းကိုဘာအကြောင်းကြောင့်ရွေးရမလဲ"
"ကျနော်ချစ်ပေးနိုင်တယ်။ ဟုတ်တယ်... ကျနော်အချစ်တွေပေးနိုင်တယ်"

YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸