Unicode;;
မိုးသည်မာန်ဖီစွာရွာနေခြင်းမဟုတ်ဘဲ ဖွဲဖွဲဖြင့်မရပ်မနားရွာသွန်းနေသည်။ မိုးရွာလျှင် ရွာ၏မြေနီလမ်းလေးမှာ ရွံ့နွံများဖြင့် အတော်ကိုအဆင်မပြေပါ။ ကျောင်းစိမ်း၊ကျောင်းဖြူများဖြင့် ကျောင်းသို့ မိုးရေ၊မြောင်းရေများကိုကစားကာ ကျောင်းသွားနေတော့ကလေးငယ်များကိုလည်းတွေ့ရသေးသည်။ တချို့မှာမူ ၀တ်ဆင်ထားသည်မှာ အဖြူရောင်ပင်မထွက်တော့ပေ။ မိုးသည်းလျှင်လည်း၀မ်းရေးအတွက် လှုပ်ရှားကြသောရွာသားများကို ရပ်တန်းနိုင်မည်မဟုတ်။
ကိုပိုင်တစ်ယောက် စားပြီးသောက်ပြီး အရင်သွားလိုက်ပြီထင်ပါရဲ့။မိုးကတော့စဲမည့်ပုံမပေါာပေ။
"ဟူး ဒီခေါက်ထီးလေးထည့်လာမိလို့တော်သေးတယ်။ခမောက်နဲ့ကျ မိုးလုံပါ့မလားမသိ၊ဆောင်းနေကျလည်း မဟုတ်တော့မဆောင်းတတ်ဘူး။ ကျောင်းကိုနည်းနည်းစောစောသွားပြီး ကလေးတွေကိုအကဲခတ်ကြည့်ပါအုန်းမယ်။"
လေပူတစ်ချက်မှုတ်ထုတ်ကာဖြင့် မစဲသောမိုးကို ပြစ်တင်လိုက်မိသေးသည်။ ခေါက်ထီးလေးမလုံ့တလုံ့ကို ဆောင်းကာ အိမ်လေးမှတအိအိဖြင့် ဖြည်းစွာ ကျောင်းသို့ ထွက်လာ၏။
ကျောင်း၀င်းထဲသို့အ၀င် ဖားဥစွဲနေသောအင်္ကျီဖြူလေးကို ၀တ်ဆင်ထားသောကလေးငယ်လေးမှအပြေးအလွှားကျနော့အနားသို့လာ၍
"ဆရာကြီးမင်္ဂလာပါ"
ရှမ်းသံဝဲဝဲလေးဖြင့် နှုတ်ဆက်နေသောကလေးငယ်မှာချစ်ဖို့အလွန်ကောင်းပါသည်။ ထိုအပြင်အဆင်နှင့်အ၀တ်အစားများသည် ကလေးငယ်များ၏ ရိုးသားမှုနှင့်ချစ်ဖွယ်စိတ်ထားများကို မဖုံးဖိနိုင် မလွမ်းခြုံနိုင်ပေ။ ပိုးစားနေသော သွားတန်းလေးများ ပေါာလွင်သည့်အထိ၊ မှေးနေသောမျက်လုံးများကွယ်ပျောက်သည့်အထိ ပြုံးပြတတ်သေးသည်။
"သားလေး မိုးထဲလေထဲအဲ့လိုမပြေးရဘူးလေဖျားနေမယ်။ဖိနပ်လည်းမပါဘူးကြည့်"
"ဟုတ်ဆရာ"
ဆူလိုက်ခြင်းမဟုတ် စေတနာလေးဖြင့်မာန်မိခြင်းဖြစ်သော်ငြား ထိုကလေးမှာတန်းနေအောင် ပြန်ပြေးသွားလေတော့သည်။ ခေါင်းလေးတသွင်သွင်ခါရင်ကလေးနောက်သို့ခြေလှမ်းကျယ်ကျယ်ဖြင့်လှမ်းရတော့သည်။
ESTÁS LEYENDO
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸