Unicode;;
"ဟေ့"
"အား အမေကယ်..."အနောက်မှနေ၍ခြောက်လှန့်လိုက်သော အသံကြောင့် ရေဗုံးကိုလွှတ်ချပြီး ခြေကားယား လက်ကယားဖြစ်သွားသော စိုင်းကြောင့် အူလိုက်သဲလိုက် ခပ်နာနာရီမောလိုက်မိသည်။
"ဆရာ ရာ ကျနော်ကဖြင့် လန့်လို့သေတော့မယ်၊ ဖန်ဝေမားမား(ၾၼ်ဢိူၺ်မႃးမႃး=ရှမ်းဘာသာဖြင့်လိပ်ပြာခေါာခြင်း)"
နားရွက်ကိုအသာအယာ ကိုင်လှုပ်ရင်း နှုတ်ခမ်းများသည် ဖြူသယောင်ဖြစ်သွားပုံမှာ အတော်ပင်ထိတ်လန့်သွားပုံပင်။
"Sorryနော် စိုင်း ၊ ဟိုးအပေါက်၀ကနေ မြင်တော့ စချင်လာလို့ပါ ၊ အဲ့လောက်လန့် သွားမယ်မထင်လို့ပါ"
ကော့ညွှတ်စွာပြုံးလာသော နှုတ်ခမ်းလေးသည် စိတ်မဆိုးသည့်အပြင်ကျေနပ်ပါသည်ဟု ဖော်ပြနေသည်ပင်လား။
"ရပါတယ် ဆရာရယ်၊ ဆရာပျော်သလိုလုပ်ပါ ။ ဆရာပျော်ရင် ကျနော်လည်းပျော်ပါတယ် ။ ဆရာရီရီမောမောလေးနေတာကို မြင်ရရင် တစ်မျိုးဘဲ ရင်ထဲပျော်သလိုလိုကဆုန်ပေါက်နေရောဘဲ"
"ဟမ်"
သဘောရိုးနှင့်ပြောလာသော စကားကြောင့် ဖြစ်သော်လည်း တိမ်းညွှတ်နေသောကျနော်၏ မရိုးသားသောစိတ်ကြောင့်ပင်လားမသိ ပတ်၀န်းကျင်ရှိ လေထုများပင် ပို၍ပူလာသည်ဟုထင်ရသည်။ ခြစ်ခြစ်တောက်ပူနေသော နေကြောင့် ပြုံးတုံတုံလေးရပ်နေသော စိုင်း၏ နဖူးတွင်လည်းချွေးစများ တွဲခိုနေ၏ ။ ၀တ်ဆင်ထားသောအင်္ကျီဖြူသည်လည်း ချွေးများကြောင့် ရင်အုပ်များပင် မြင်နေရသည်။ ရှမ်းဘောင်ဘီကို ပေါင်ရင်း အထိလိပ်တင်ထားသောကြောင့် နေလောင်၍နီစွေးနေသောအသားအရေဘနှင့် ပကတိဖြူသောအသားအရေ တစွန်းတစ မြင်နေရသည်။
"ဒါနဲ့စိုင်း ရေခပ်ပေးနေတာလား"
ရေဗုံးကို ဆွဲထားပြီး ရေအိုး ၊ရေခွက်များ ရေအပြည့်ဖြစ်နေသည်ကို မြင်ပါလျက်နှင့် ထိုတိတ်ဆိတ်နေသော အခြေအနေကိုဖြိုခွင်းရန် မေးမိ မေးရာ မေးလိုက်မိ၏။
"ဟုတ်တယ်ဆရာ၊ ဒီနားလေးမှာ ရေချောင်းတော့ရှိပေမဲ့ ဆရာမချိုးတတ်မှာဆိုးလို့ ကျနော်က ရေခပ်ပြီးဖြည့်ပေးနေတာလေ "
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸