Unicode;
တစ်ညအိပ်နှစ်ရက်ခရီးပြီးနောက် ကမ္ဘေဇမြေရှမ်းပြည်နယ်တို့ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရချိန်သည်ကားလမ်းများသည် ညီညာဖြောင့်ဖြူးနေခြင်းအလျှင်းမရှိ။
တောင်ကိုပတ်၍ဖောက်လုပ်ထားသော တောင်ပတ်လမ်းများ၊တောင်နှစ်လုံးကြားဖြတ်ဖောက်ထားသော တောင်ကြားလမ်းများနှင့် တစ်ဖက်မှာတော့ချောင်နက်ကြီးပင်။အကွေ့အကောက်များသဖြင့် ကားမူးတတ်သူအဖို့ အဆင်ပြေမည်မဟုတ်။သစ်ပင်၊ဝါးပင်များနှင့်တစ်ချို့နေရာတွင် ထင်ရှူးပင်များကိုပင် တွေ့ရတတ်သည်။ ရွာငယ်လေးများကို ဖြတ်လာသည့်တစ်လျှောက် သူစိမ်းကိုပင်မသိလက်ကလေးဝေ့ယမ်းပြ၍နှုတ်ဆက်နေကြသည့် တိုင်းရင်းသားကလေးငယ်များကိုလည်းမကြာခဏတွေ့ရသည်။ဖုန်းလေးကိုထုတ်၍မှတ်တမ်းတင်မိသည်လည်းအခါခါပင်။
"ခရီးသည်များရှင့် ခဏနေရင်ခရီးဆုံးတော့မှာဖြစ်လို့ မိမိရဲ့ပစ္စည်းများကိုသေချာလေးစီစစ်သိမ်းစည်းပေးကြပါရှင့်"
အရှေ့မှထွက်လာသော အသံကြောင့် ထိုင်နေရာမှမထ လှုပ်လှုပ်ကြွကြွ ဖြစ်လာကြသည်ပင်။ လိုရာခရီးရောက်ရန်ထိုမြို့မှတစ်ဆင့်ကားငှား၍ သွားရအုန်းမည်တဲ့ပင်။မြို့နှင့်အတော်လေးအလှမ်းဝေးသည့် ရှမ်းရွာငယ်လေးကို အလင်းပြရန်ရောက်ရှိလာသောနေမင်း သို့မဟုတ် ဖယောင်းတိုင်ငယ်။"ကောင်လေးရောက်ပြီ ဆင်းတော့"
ကားတစ်ဆင့်ပြန်စီး၍ တာ၀န်ကျရွာငယ်ဆီလာရာ၌ ရောက်ပြီဟုအသံကြားရာ ပတ်၀န်းကျင်ကိုတစ်ချက်ကြည့်လိုက်ချိန် လမ်းအနီးဇရပ်တစ်ဆောင်သာတွေ့ရသည်။
"ဦးလေး ကျနော်သွားမှာက ဟိုပန်ရွာလေ"
"ဟုတ်တယ် ဒီလမ်းတွေ့လား ဒီလမ်းထဲကနေ ထပ်သွားရအုန်းမှာ၊တစ်လမ်းမောင်းဘဲမို့ ဦးလေးတို့ကားက ၀င်မရဘူးလေ"
"အဲ့ဆိုကျနော်က ဒီမှာဆင်းခဲ့ရမှာပေါ့"
"ဟုတ်တယ် အဲ့ဇရပ်လေးမှာထိုင်စောင့်နေပေါ့။ ကြည့်ရတာ တစ်ခါမှမရောက်ဖူးဘူး ထင်တယ်။လာကြိုပေးတဲ့သူရှိမှာပါ"
"ဟုတ်"
ကားပေါာမှအထုတ်များကိုချပြီး ဇရပ်တွင်၀င်ထိုင်၍လာကြိုမည့်သူကိုမျှော်နေရတော့သည်။ ဇရပ်မှာ လမ်းသွားလမ်းလာများနာနေနိုင်ရန်ပြုလုပ်ပေးထားခြင်းမျိုးဖြစ်သည်။ ရေအိုးစင်တစ်လုံး၊အိုးမှုတ်ခွက်တစ်ခုနှင့် ခုံတန်းလေးများသာရှိသည်။
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸