စက်တင်ဘာ ၄ရက် ၂၀၂၂
လွတ်မြောက်နယ်မြေ တစ်ခုတွင် ညည့်ဦးယံ အချိန်ခန့်ဖြစ်သည်။ ကင်းစောင့်ရန် အလှည့်ကျသော ဆရာဟေစွမ်းမာန်က ယနေ့ညရဲ့ ကြယ်အစုံလင်းလက်နေတဲ့ ကောင်းကင်ပြင်ကို ငေးမော၍နေ၏။ နှစ် နှစ် တော်လှန်ရေးခရီးရှည်သည် ထိုမျှအထိရောက်ရှိခဲ့လေပြီ။
အိုး၊အိမ်စည်းစိမ်တွေ ဂုဏ်ပကာသနတွေကို အနာဂတ်ရဲ့ အနောက်မှာ ကျေကျေနပ်နပ်ထားပစ်ခဲ့တဲ့ ရွေးချယ်မှုအတွက် နောင်တမရ။
CDMကျောင်းဆရာ ဟေစွမ်းမာန်အပြင် လက်ဖြောင့်တပ်သား ကောင်းကင်ညိုဆိုတဲ့ ဘွဲ့ထူးကိုရရှိထားတာ နည်းတဲ့ စကေးလား။
"ယောင်္ကျား...."
ဒေါက်တာစိုင်းရဲ့ အသံကြောင့် ဖွာလက်စ ဆေးလိပ်ကို အဝေးသို့ ခပ်မြန်မြန်လွင့်ပစ်လိုက်သည်။ ဆေးလိပ်တစ်လိပ်ကို ဒိုက်ထိုးပြီး ယူလာရတော့ နှမြောတသသဖြစ်မိသေးတယ်။ နောက်ပြီး ဒါတွေက ပြည်သူတွေရဲ့ လုပ်အားခတွေလေ။
"စိုင်း...မအိပ်သေးဘူးလား"
"အင်း...ဆရာတစ်ယောက်ထဲပျင်းနေမှာစိုးလို့"
ကျွန်တော်ဘေးတွင် ၀င်ထိုင်လာတဲ့ စိုင်းသည် ဆရာကိုသာ နှုတ်ကျိုးအောင် ခေါ်နေတာ ယနေ့အထိပါဘဲ။
"ဆေးလိပ်သောက်ထားတာလား"
"အင်း တစ်လိပ်ဘဲ။ အိပ်ငိုက်နေတာနဲ့ ရှိုက်လိုက်မိတာ"
"ဆရာသွားအိပ်လေ။ ကျွန်တော် ဆရာ့အစား ကင်းလှည့်လိုက်မယ်"
"ရပါပြီ။ ဒေါက်တာရယ်...စေတနာအတွက်တော့ ကျေးဇူးတင်ပါတယ်။ ဒေါက်တာလည်း ဆရာ၀န်ပီပီ ဟိုဒီလိုက်ကုသနေရတယ်မလား။ နောက်ပြီး ဒီကြားထဲ အားရင် အားသလို မီးဖိုခန်းထဲ လက်စွမ်း၀င်၀င်ပြတတ်တဲ့ အကျင့်ကရှိသေး"
စိုင်းသည် လက်များကို နောက်ပစ်ပြီး ခပ်ဟဟလေးရီလိုက်သည်။ စိုင်းရီလိုက်ပုံက စိတ်ပါပုံမရဘူး။ ဟုတ်ပါရဲ့ ဒီလိုအခြေအနေမှာ ဘယ်သူက စိတ်လက်ပေါ့ပါးနိုင်မှာလဲ။
"ချစ်တယ် ဆရာ"
"ငါရော...မင်းကိုချစ်တယ်"
အိမ်ထောင်သက်တမ်းကြာလာတော့ ချစ်တယ် ဆိုတဲ့ စကား မပြောဖြစ်ခဲ့ကြဘူး။ ဒီတော်လှန်ရေးကာလက နေ့မြင်ညပျောက်ကာလမို့လို့ နေ့တိုင်းဆိုသလို ချစ်တယ်လို့ ပြောဖြစ်ကြသည်။
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸