Unicode;;;
သီပေါဟောနန်းကိုမသွားခင် သီပေါမြို့ထဲက စားကောင်းသောက်ဖွယ်တွေရှာစားဖို့ မြို့ထဲကိုအရင်လာလိုက်သည်။ ဘော်ကြိုဘုရားသည် သီပေါမြို့နှင့် ၇ မိုင်အကွာတွင်ရှိသည်မို့ ဆိုင်ကယ်တစ်စီးကိုငှားပြီး မြို့ထဲကို စိုင်းနှင့်အတူလာလိုက်သည်။
မြို့ကိုလာသည့်လမ်းတစ်လျှောက် မြင်နေရသည်မှာ ဘေးပတ်ပတ်လည်က တောင်တန်းသွယ်သွယ်များနှင့် လယ်ကွက်များဖြစ်သည်။ တောင်တန်းများသည် ရှမ်းပြည်၏ ပြယုဂ်ပမာဖြစ်နေသည်။
ဒုဠ၀တီခေါ် မြစ်ငယ်မြစ် သွယ်ဝိုက်စီးဆင်းနေသော မြစ်ကမ်းဘေး ပေ ၁၇၅၀အမြင့်ရှိသော မြေပြန့်လွင်ပြင်တွင် မြို့တည်ထားသောကြောင့် သီပေါမြို့၏အနေအထားသည် သာယာလှ၏။ အေးချမ်းလှသည်။
သီပေါမြို့သည် ပူနွေး စိုစွတ်သော ရာသီဥတုရှိသောကြောင့် များသောအားဖြင့် ကြက်သွန်၊လိမ္မော်၊မြေပဲ၊ ရှောက်အမျိုးမျိုး ၊ သံပုရာတို့ကို စိုက်ပျိုးလေ့ရှိသည်။ သီပေါသည် လိမ္မော် နှင့် ရှောက်ချိုထွက်သောကြောင့် လူသိများထင်ရှားသည်။
"စိုင်း...နည်းနည်းအေးတယ်နော်"
တိုက်ခတ်နေသော လေအေးထဲတွင် ရေမှုန်ရေဝါးအနည်းငယ်ပါသောကြောင့် အနည်းငယ်စိမ့်လာသည်။ ဆိုင်ကယ်မောင်းနေသော စိုင်းသည် ခေါင်းငြ်ိမ့်ပြပြီး ဆရာ၏ လက်များကိုဆွဲယူ၍ သူ့ခါးထက်တင်လိုက်သည်။
"အေးရင် ကျနော့ကိုဖက်ထား"
"အင်း...."
စိုင်းခါးကို တင်းတင်းလေးဖက်လိုက်ပြီး ကျနော့၏ မျက်နှာကို ကျောပြင်နွေးနွေးလေးဆီ တင်ထားမိသည်။ ရင်တစ်ခုလုံးလည်း နွေးကနဲဖြစ်သွားလေသည်။
စိုင်းကတော့ အနွေးဓာတ်လေးပါဘဲ ဒီအနွေးဓာတ်လေး အေးစက်သွားရင် နေနိုင်ပါ့မလား။ စိတ်ညစ်ဖွယ်ရာများကို အများကြီးမတွေးချင်တော့တာနဲ့ မျက်စိစုံမှိတ်ပြီး စိုင်းခါးကိုဖက်ရင်း ငြိမ်သက်စွာလိုက်ပါလာလိုက်၏။ တစ်ခါတစ်လေ လမ်းရှင်းရင်ဖြင့် စိုင်းသည် ဆရာ့လက်ကို ခပ်ဖွဖွလေး ပွတ်သပ်ပေးတတ်သည်။
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸