Part-18 🌸

1.5K 137 9
                                    

Unicode;;

ဝါဆိူလပြည့်ရက်ကြီးခါကြီးပြီးသည့်နောက် လူတိုင်း ၀တ္တရားအတိုင်းပြန်လည် လည်ပတ်နေကြသည်။ ထိုထဲတွင်ကလေကချေ ငစိုင်းတစ်ယောက်မပါပေ။ ယနေ့သည် သူ၏အရိပ်ပင်မတွေ့သည်မှ ၂ရက်မြောက်နေ့ပင်။

"ဘာလို့မလာသေးတာလဲကွ၊ စာမေးမယ်ပြောလိုက်လို့လား မနေ့ညလည်းတစ်နေကုန်ပေါာမလာဘူး။ ဒီကောင်ခြေလှမ်းပျက်နေပါလား"

အိမ်အပြင်ဖက်ကို ငေးကြည့်၍ အားမရစိတ်ဖြင့် အပြစ်ဖို့နေမိသည်။ ကောင်းကင်ထက်ရှိ နေမင်းသည် ရင်ထဲတွင် လာရောက်တောက်လောင်နေသကဲ့သို့ နေမထိထိုင်မသာဖြစ်ရ၏။

"ဟေစွမ်း အပြင်ကိုမျှော်ကြည့်နေတာလည်ပင်းက ငန်းလောက်ရှည်တော့မယ်၊ပါးစပ်ကလည်းတတွတ်တွတ်နဲ့ ဘာတွေပြောနေတာလဲ"

"ဘာဖြစ်ရမလဲကိုပိုင်ရာ ဟိုကောင်ပေါ့၊သူ့ကိုဒီနေ့စာလာဖြေဖို့ သေချာပြောထားတာကိုပေါာမလာဘူးလေ"

"အဲ့တာများ အဖြစ်သည်းနေလိုက်တာ၊ မင်းကိုကြည့်ရတာ လင် အိမ်ပြန်လာဖို့ကို‌မျှော်နေတဲ့ သူလိုဘဲ။ အိမ်ထိလိုက်သွားခေါာလိုက်ပေါ့"

"ဟာဗျာ ဘာတွေပြောနေတာလဲ ကိုပိုင်ရာ
မကြီးမငယ်နဲ့ ။ တော်ပြီ သွားတော့မယ်"

"ဟျောင့် အဲ့တာကဘယ်လဲ ဟေစွမ်း"

"ကိုပိုင်ဘဲ သူ့ကိုသွားခေါာဆို.."

ကိုပိုင်ကို ခပ်စူးစူးကြည့်ကာ ပြတ်တောင်းတောင်းပြောပြီး သုတ်ခြေတင်ထွက်လာလိုက်သည်။

"အော် ငါပြောမှသွားတာပေါ့လေ"

သောက်လက်စရေနွေးကြမ်းကိုသာဆက်သောက်နေလေသည်။ ခုစာကလေးကြော်၊ခုဆီထမင်း စသည်ဖြင့်အပြောင်းအလဲများသောလူများတယ်ခက်သကိုး။ ထိုသို့သာ တွေး၍ စိတ်ပျက်စွာ ခေါင်းခါလိုက်၏။

-------*****-----------

"ဟူး နေကလည်းပူလိုက်တာ ထီးယူလာရမှာကိုကွာ"

ပြောရင်းဆိုရင်းလမ်းအချိုးအကွေ့တစ်နေရာတွင် လယ်ထဲသွားမည့်အိုက်ပီးတို့အုပ်စုနဲ့တွေ့လေတော့သည်။

"မင်္ဂလာပါဆရာ"

"ဘာမင်္ဂလာလဲ ဒီနေ့အမင်္ဂလာဘဲ"

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now