Part-45🌸(ending)

4.1K 179 49
                                    

Unicode;;;

"စိုင်းဟန်....အဲ့တာစိုင်းဟန်မလား....."

သမီးလေးကိုပွေ့ချီကာ အိမ်အောက်ထပ်သို့ ၀င်ဖို့ လုပ်နေချိန် အနောက်ကလာတဲ့ အသံတိုးတိုးကြောင့်လှည့်ကြည့်လိုက်၏။

"အော်....သိမ့်နဲ့မြပါလား....."

မြကတော့ ဒီရွာလေးမှာဘဲ အထက်တန်းကျောင်းအုပ်ကြီးဖြစ်နေပါပြီ။ အချိန်တွေဘယ်လိုပြောင်းလဲ ပြောင်းလဲ မြရဲ့ မျက်၀န်းတွေက စကားပြောမြဲပါဘဲ။ အခုလည်းကြည့် သိမ့်တစ်ယောက် ကလေးတစ်ဖက်နဲ့ စိုင်းကိုမြင်တော့ ပါးစပ်လေးအဟောင်းသားနဲ့ အံ့ဩနေလေသည်။ မြကတော့ ယဲ့ယဲ့လေးပြုံးပြနေ၏။

"အိမ်ထဲလာထိုင်လေ....လာ...."

နေပူကြီးထဲ အချိန်အကြာကြီးရပ်နေရင် မသင့်တော်တာမို့ ဧည့်ခန်းထဲကို ခေါ်လာလိုက်သည်။

"သမီး....ရေနွေးတွေယူလာပေးဖို့သွားပြောလိုက်အုန်း....ပြီးတော့ညီမလေးနဲ့ အဖော်လုပ်နေနော်...."

သမီးကြီးဖြစ်သူ မာန်နှင်းမှုန်ခ သည် ခေါင်းငြိမ့်ကာ ဂါ၀န်ပန်းရောင်လေး တကားကားနဲ့အိမ်ထဲ ပြေး၀င်သွားသည်။
အိမ်ထဲပြေး၀င်သွားတဲ့ သမီးလေးကိုကြည့်ရင်း သိမ့်တစ်ယောက် မျက်နှာသိပ်မကောင်းပေ။ မြကတော့ သမီးလေးကို ကြည့်ရင်း ပြုံးနေသေးသည်။

"စိုင်းဟန်ရဲ့ သမီးလား...ဟင်"

"ဟုတ်တယ်...သူကအကြီး၊ အငယ်မတစ်ယောက်တော့ အိပ်နေတယ်ထင်ပါတယ်...."

"အော်...၂ယောက်တောင်လား...."

"အင်း အမြွှာလေ"

သိမ့်ကတော့ အိမ်ထဲကို မကြာမကြာလှမ်းကြည့် အကဲခတ်‌ ‌‌ နေသည်။ သမီးချောချောလေးရဲ့ မူရင်းကုန်တိုက်ကို တွေ့ချင်နေပုံပါဘဲ။

"ဒေါက်တာရေ...ကျမအမေ နေမကောင်းလို့ ခဏလောက်လိုက်ကြည့်ပေးပါလား...."

"အေးအေး...ခုလာခဲ့မယ်..."

"မြနဲ့ သိမ့် အေးဆေးထိုင်ကြနော်....ကျနော်လိုက်သွားလိုက်အုန်းမယ်...."

"အင်းပါ...ဖြေးဖြေးသွား....

"အချစ်ရေ...ဧည့်သည်နဲ့လာတွေ့လိုက်ပါအုန်း...."

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now