Unicode;;;
ပြန့်ကျဲရှုပ်ပွ နေသော ပစ္စည်းတွေကို သေချာသိမ်းဆည်းပြီးနောက် နံရံပေါ်က ခပ်နွမ်းခြောက်ခြောက် ချယ်ရီပန်းခိုင်လေးကို လှမ်းယူလိုက်သည်။ ချယ်ရီတို့ခြောက်ကပ်ပြီး ရနံ့ရယ်လို့မရှိပြီ။ စိုင်းတစ်ယောက် ၏ ချစ်ရနံ့များလည်း ပျောက်ကွယ်လုနီးနီးဖြစ်နေတော့မည်ကို ရင်ဖိုမိသည်။
"ကိုဟေစွမ်း....မြ၀င်လာမယ်နော်...."
အခန်း၀မှ မြ၏ အသံကြောင့် ချယ်ရီပန်းခြောက်တစ်ပွင့် မြေမကြွေခစေရန် ဂရုတစိုက် ကိုင်တွယ်ပြီး ခေါင်းရင်း၌ တင်လိုက်သည်။ ရစ်သိုင်းနေသော မျက်ရည်နှင့် တုန်ယင်နေသော အသံကို ထိန်းကာ မြကို ၀င်လာရန် အသံပေးလိုက်၏။
"ကိုဟေစွမ်....မြကိုစိတ်ဆိုးနေတာလား...."
"မဆိုးပါဘူးမြရယ်....မြလုပ်ရပ်ကိုနားမလည်နိုင်တာ တစ်ခုပါဘဲ......"
အနည်းငယ် ဟထားသော ပြတင်းပေါက်ငယ် အနီးသို့ သွားလိုက်ပြီး မြသည် သက်ပြင်းလေးချရင်း တွေတွေလေးငေးနေလိုက်သည်။
"စိုင်းဟန်က ကိုဟေစွမ်းကိုသိပ်ချစ်တာဘဲ"
"......"
အစမရှိအဆုံးမရှိသော အမြှီးနဲ့ခေါင်းမတည့်တဲ့ မြစကားကြောင့် မျက်လုံးများကိုပင့်ရင်း စိုက်ကြည့်လိုက်သည်။
"ကိုဟေစွမ်းထင်တာထက် သူကအများကြီး ပိုရင့်ကျက်တယ်၊ နောက်ပြီး ပတ်၀န်းကျင်မျိုးစုံကို ကျင်လည်လာတဲ့သူဖြစ်တဲ့အလျောက် စိုင်းဟန်က ပတ်၀န်းကျင်ရဲ့ပြောဆိုသံကို တစ်ဖက်၀င်တစ်ဖက်ထွက် လုပ်နိုင်တဲ့ ကောင်လေးမျိုး..."
မြ၏ တိုးလျလျစကားကြောင့် တစ်ဖန် ရီဝေမှုန်ပြစွာ ကြည့်လိုက်မိသည်။ စိုင်းကို အိမ်မှာ ဆူဆဲနေမလားဘဲ။ ခေါင်းရင်းက ကျွဲရုပ်လေးကို လှမ်းယူကာ လက်ချောင်းနှင့်ပွတ်သတ်လိုက်သည်။
မြ၏စကားထဲတွင် ပတ်၀န်းကျင်ဒဏ်ကို စိုင်းက ပိုခံနိုင်တဲ့အတွက် ကျနော့အစား ခေါင်းငုံ့ခံပေးလိုက်သည်ကို သွယ်ဝိုက်သက်ရောက်နေသည်။
"ဒါမဲ့ဒဏ်ရာကိုထွေးပိုက်ရင်း ကြီးပြင်းလာတဲ့သူကို ဒဏ်ရာတွေ ထပ်မပေးသင့်ဘူးမလား မြ...."
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸