Part-34🌸

1.4K 137 22
                                    

Unicode;;;;

အခန်းပြတင်းပေါက်ကနေ လရိပ်ကလေးကို တတွေတွေငေးနေမိသည်။ လက်တွင်လည်း သစ်ရွက်လေးကို ကိုင်လျက်ပင်။
မြတစ်ယောက် ဆောင်လေးအေးကိုပင်မမှုဘဲ အတွေးနယ်ချဲ့နေသည်။

"မြ....ကျ‌နော်မနက်ဖြန်ဆိုပြန်ရတော့မယ်...."

"အင်းပါ...ဖြည်းဖြည်းပြန်ရောပေါ့...သစ်လွင်"

ကျမရဲ့ မာနနဲ့ သိစိတ်က "မပြန်ပါနဲ့လား။ ပျော်ရင်နေပါအုန်း" စသဖြင့် တားခွင့်မပေးသလို ကျမကိုယ်တိုင်လည်း တားလိုစိတ် စိုးစဥ်းမျှမရှိ။ ကျမသည် ရရှိလာသော သင်ခန်းစာအရ လူတစ်ယောက်ကို စိတ်ကြိုက်ကြိုးဆွဲခွင့် ကျမမှာ မရှိတာကို ကောင်းစွာ သိနေခဲ့သောကြောင့်ပင်။

သစ်လွင်သည် အပင်ပေါ်က သစ်ရွက်လေးတစ်ရွက်ကို လှမ်း၍ ခူးလိုက်သည်။ အနောက်ဘက်ကို ယွန်းနေတဲ့ နေမင်းကြီးနှင့် လေညှင်းလေးတွေကတော့ သစ်ပင်အောက်ရှိ လူသား‌တွေရဲ့ ခံစားချက်ကို သိပုံမပေါ်။

"မြဆီ ကျနော် ဆက်ဆက်စာရေးမယ်နော်....."

မြသည် ခပ်‌ဖျော့ဖျော့လေးသာ ပြုံးပြလိုက်သည်။
သူ(မ)စိတ်ထဲ၌ လွမ်းဆွတ်သလို ၀မ်းနည်းနေသလို တော့ဖြစ်နေသား။

"ဒီနှစ်ရဲ့ သီတင်းကျွတ်လေးကိုတော့ အမှတ်ရနေတော့မှာဘဲ..."

သီတင်းကျွတ် ညလေးကို ပြန်လည် အမှတ်ရလာသည်။ စင်မြင့်ထတွင် ကခုန်နေသော မြအဖို့ ပန်းကုံးကြီးငယ် လာဆွတ်ပေးခဲ့သော သစ်လွင်သည် ထို့ညလေး‌တွင် တက်ကြွလျက်ရှိသည်။ ကပွဲပြီးလျှင်ဖြင့် ပွဲဈေးတန်းသို့ တိုးကာဝေ့ကာဖြင့် မြကြိုက်တတ်တဲ့ မုန့်ကို လုယက်၀ယ်ပေးတတ်သေးသည်။

မီးထွန်းတဲ့ချိန် လေတိုက်လွန်းသောကြောင့် မြရဲ့ဖယောင်းတိုင်ကို လက်လေးဖြင့် လေကွယ်ပေးတတ်တဲ့ ကလေးမကျ လူကြီးမကျကောင်လေး‌ပေါ့ ။ ထိုညလေးကို အမှတ်ရနေမည်ပြောတော့ ၀မ်းသာသင့်တယ်လို့ ထင်ပေမဲ့ တစ်ဖက်က မေ့ပစ်မှာမဟုတ်ဘူးလို့ ပြောတာမှ မဟုတ်ဘဲခုတွေးကာ ထိန်းချုပ်ရပြန်သည်။ ကျမတို့ မိန်းမသားများ ထိုသို့ ထိန်းချုပ်ကြရသည်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now