Extra-3 (GL)🌸

1.7K 78 10
                                    

Unicode:::

ချယ်ရီမြိုင်တွင်ခို၀င်သောငှက်ငယ်🌸
(ငွေခြူးမှုံ+ပွင့်ဇာခြယ်လှိုင်)
_____________________

                          {1}

တစ်စုံတစ်ယောက်ဆီကနေ ပြေးထွက်ဖို့ အေးမြတဲ့နေရာကို ရှာဖွေဖူးကြလား။

ထပ်ချစ်ဖို့ကြောက်ရွံနေမိတဲ့ချိန် နောက်တစ်ကြိမ်ခုန်လှုပ်လာတဲ့ အချစ်အိမ်ကို အကြောင်းပြချက်မျိုးစုံ၊စည်းမျိုးစုံနဲ့ ထိန်းချုပ်ဖူးကြလား။

ချစ်လျက်နဲ့ အခါခါပြေးထွက်နေတဲ့ ကျမ ဒီတစ်ခါလည်း ထပ်ပြေးနေမိတုန်းဘဲ။

ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျမထက် ဝေးတဲ့နေရာကို သူပြေးသွားခဲ့တယ်။

----****----

"ဆရာမရေ...ဆရာမဒီနေရာမှာဆင်းရမှာ"

အသံဝဲဝဲနဲ့ ရှမ်းအမျိုးသားတစ်ယောက်ရဲ့ လှုပ်နိုးသံကြောင့် အထုတ်ကို ပိုက်ကာ အိပ်ပျော်နေတဲ့ ကျမ အိပ်မှုန်စုံဝါးနဲ့နှိုးထလာတော့သည်။

"အော်...ဟုတ်...ဘယ်လောက်ကျလဲရှင့်"

"၃၀၀၀ဘဲပေးလိုက်ပါဆရာမ..."

လေးလုံးထိုးကားအစိမ်းရောင် တစ်စီးသည် လမ်း‌ဘေးတစ်နေရာတွင် ထိုးရပ်လိုက်၏။ ကားအမိုးပေါ်ကနေ အထုတ်တွေချပေးပြီး ကျသင့် ငွေကိုယူကာ ဝှီးကနဲ ပြန်ထွက်ခွာသွားလေသည်။ ကျမကတော့ ဖုန်တလိပ်လိပ်ကြား ရပ်ကာကျန်နေခဲ့သည်။ ကျမနဲ့ မနီးမဝေးတွင်တော့ ဇရပ်အိုလေးတစ်လုံးရှိ၏။

ကျမနာမည်က ပွင့်ဇာခြယ်လှိုင်။
ဒီရှမ်းရွာလေးကို စိတ်လိုလက်ရ ပြောင်းရွေ့လာခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီးပေါ့။ ကျမအမျိုးသားက အင်ဂျင်နီယာဆိုတော့ သူသွားတဲ့နေရာလည်း ကျမ မလိုက်နိုင်သလို၊ ကျမလာတဲ့နေရာတွေကိုလည်း သူမလိုက်နိုင်ဘူး။

ကျမအမျိုးသားက ကျမအနောက်မှာ ခွေးဇာတ်ခင်းနေတာကို ကျမ သိပါသည်။ ဒါပေမဲ့ နားလည်ပေးပြီး ပြန်လာတိုင်း ကြည်ကြည်ဖြူဖြူလက်ခံမြဲပါ။ ကျမတို့မှာ နှောင်ကြိုးလေးအဖြစ် သမီးလေးတစ်ယောက်ရှိနေတယ်လေ။ သမီးလေးရဲ့မျက်နှာကိုတော့ ထောက်ရမည်လေ။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now