Part-41🌸 (+)

2.3K 143 6
                                    

Unicode;;

အိုးသံ ၊ခွက်သံ၊ အော်သံ ဟစ်သံများဖြင့် ဆူညံ ပြည့်နှက်နေသော "မှုံ" စားသောက်ဆိုင်ထဲတွင် ဆရာဟေစွမ်း၏ အတွေးများ မစုစည်းမိဘဲ ပျံ့လွင့်နေသည်။ ဒါကို စိုင်းကလည်း ရိပ်စားမိနေသည်။ သို့သော် ကြည့်ရုံလေးသာ ကြည့်နေ၏။

ကျောင်း၀န်းရှေ့တွင် လူတစ်ယောက်နဲ့ စကားပြောပြီးနောက် ဆရာသည် စိတ်တစ်နေရာ လူတစ်နေရာဖြစ်နေခဲ့သည်။ အဲ့လူကိုကြည့်ရတာ ဆရာ၏ အသိ။ ဒါမှ မဟုတ် ကျောင်းနေဖက်တွေဖြစ်လိမ့်မည်။

ဆရာက သူ့ကို "အကို"လို့ ခပ်တိုးတိုးခေါ်သည်။ သူနဲ့စကားပြောနေတဲ့ချိန် ဆရာ့မျက်၀န်းတွေထဲ ၀မ်းနည်းရိပ်ကလေးနည်းတူ နာကျည်းမှုကို မြင်နေရသည်။ သူ့နာမည်ကိုလည်း ပါးစပ်ဖျားတင် မေ့နေခဲ့တာ။ ဟုတ်ပါတယ်လေ။ နာမည်က "ထက်တန်စိုး" တဲ့။

"စားနော်....စိုင်းဟန်၊ မောင်ပိုင်လည်းစား လိုတာရှိရင်ပြော"

ရှမ်းချဉ်လာချပေးသော ဆရာမကြီး ပွင့်ဇာခြည်လှိုင်ကြောင့် ဟိုလူ့အကြောင်းတွေးနေတာ တစ်စခန်းရပ်လိုက်ရသည်။

"ဟုတ်ကဲ့ဆရာမကြီး"

"ဟဲ့...ဆရာမကြီးလို့မခေါ်ပါနဲ့ဆို ငါခေါက်ထည့်လိုက်ရ"

"ကျနော်မှ တခြားမခေါ်တတ်တာ"

ဆရာမကြီးနှင့် စကားကောင်းနေစဉ် တစ်ဖက်ဝိုင်းမှ လှမ်းခေါ်လေတော့သည်။ ဆရာမကြီးမှာလည်း ခဏလေးပင် အငြိမ်မနေရ။

"အမ...ဒီမှာရှမ်းတစ်ပွဲလိုသေးတယ်"

"အေးအေး...လာပြီ...."

"အေးအေးဆေးဆေးစားကြနော်....ကြားလားမောင်ပိုင်"

ထို့သို့ ပြောကာ ဆရာမကြီးသည် မီးဖိုခန်းထဲ ခပ်သွက်သွက်ပြေး၀င်သွားပြန်၏။
ခေါက်ဆွဲပလုတ်ပလောင်း ငုံ့စားနေသော ကိုပိုင်သည် ခေါင်းသာ ငြိမ့်ပြနေသည်။

ဆရာမကြီးတစ်ယောက်လည်း လက်မလည်အောင် ရောင်းကောင်းနေသည်။ သစ္စာကင်းမဲ့သော လင်ယောင်္ကျားကို ခယမနေတော့ဘဲ ကလေးတစ်ဖက်ဖြင့် တစ်ပိုင်တစ်နိုင် စားသောက်ဆိုင်လေး ဖွင့်ရာမှ ယခုဆိုလျှင် သျှမ်းသျှမ်းတောက် အောင်မြင်နေလေပြီ။ အမျိုးသမီးတို့၏ ဇ မှာ တော်ရုံတော့မဟုတ်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now