Part-9🌸

2.2K 216 8
                                    

Unicode;;

မှိုင်းညိုညိုတောင်တန်းများကိုငေး၍ ခပ်လေးလေး လေသံဖြင့် ဆရာမကြီးရဲ့အကြောင်းကို ပြောပြလာ‌တော့သည်။ မှောင်ရိပ်တန်း၍ တိတ်ဆိတ်နေသော ပတ်၀န်းကျင်တွင် စိုင်း၏ လေးပင်ပင် အသံသည်အထင်သား။

"ဆရာမကြီးက အိမ်ထောင်ရေး သိပ်အဆင်မပြေဘူး ၊ သူက သူ့ယောင်္ကျားနဲ့ သူ့သမီးလေးကို ထားပြီး ဒီမှာဝါသနာ တစ်ခုအရင်းပြုရင်း လောကအလှဆင်နေတာလေ။"

ကျ‌နော်သည် လက်များကိုနောက်ပစ်၍ ခေါင်းငုံထားကာ စိုင်း၏ စကားများကို စူးစိုက်နားထောင်နေမိသည်။ ကတ္တီပါဖိနပ် အမည်းလေးနဲ့ လိုက်ဖတ်စွာ ယောပုဆိုး အနက်ရောင်လေးကို ယဉ်စွာဆင်မြန်းထားပုံကြောင့် နဂိုဖြူသော အသားသည်လည်းထင်းနေသည်ပင်။

"တစ်ခါက သူ့သမီးကိုတောင်ခေါာလာသေးတယ် ၊ မကြာပါဘူး သူ့အမျိုးသားက ပြန်လာခေါာသွားတယ် ၊ကျနော်သိရသလောက်တော့....."

အဖြတ်အတောက်မရှိ ပြောဆိုတတ်သော စိုင်းသည် ယခုတွင်မူ ‌တစ်စုံတစ်ရာကိုပြောပြရန်၀န်လေးနေဟန် ၊ခက်ခဲနေဟန်ပင် သွက်လက်စွာပြောဆိုတတ်သူ စိုင်းနှင့် လားလားမှမတူ။
"ဆက်ပြောပါအုန်း"ဟု ခေါင်းလေးကိုမတ်ပြီး တောင်းဆိုမှသာ ဂရုဏာသက်သောလေသံလေးဖြင့်

"သူ့ အမျိုးသားက အိမ်ထောင်ရေး ဖောက်ပြန်တယ်တဲ့"

"ဟမ် ဘယ်လို"

အမှန်ပင်အံ့ဩရသည်မှာ အာမဋိတ်သံများပင် ထွက်လာတော့သည်။ ဆရာမကြီးသည် ကိုယ်အမူအရာ ၊နှုတ်အမူအရာသည်လည်း သိမ်မွေ့လှ၏။ ရုပ်ရည်သည်လည်းအပြစ်ဆိုဖွယ်ရာမရှိ နှုတ်ခမ်းပေါာက မှဲ့နက်လေးသည်လည်း စွဲဆောင်မှုတစ်ခုပင်။ တစ်ခါမြင်ရုံနှင့် အမျိုးကောင်းသမီးမှန်းတန်းသိနိုင်သော ရူပ။ ထိုအမျိုးသမီးကို လက်၀ယ်ရရှိသူသည် သစ္စာရှိမှုလေးပင် မပေးနိုင်သူတဲ့လား။

မဝံ့မရဲ မှုန်ပြစွာပြတတ်သောဆရာမကြီး၏ အပြုံးနှင့် ထပ်တူကျစွာပြုံးပြပြီး စိုင်းတစ်ယောက် စကားလမ်းဆက်ပြန်သည်။

"ဟုတ်တယ်ဆရာ ၊သူ့အမျိုးသား ဖောက်ပြန်တာကိုသိသိနဲ့ အပြစ်မယူခွင့်လွတ်တဲ့အပြင် ပြန်တောင်ပေါင်းမယ်တဲ့။ သူကနယ်ဝေးမှာ သားပစ်၊လင်ပစ်ပြီး နေနေလို့ သူ့ယောင်္ကျားက ဖောက်ပြန်တာတဲ့လေ။ သူ့ပယောဂ မကင်းလို့ သူအလုပ်ထွက်ပြီး အရင်လိုအချိန်ပြန်ပေးရင် အစစအရာရာ ပြန်အဆင်ပြေသွားလိမ့်မယ်တဲ့"

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now