Part-31🌸

1.4K 140 22
                                    

Unicode;;;;;

"ဆရာ!!!"

နောက်ဆုံးလှေဖြစ်သော ကျနော်တို့၏ လှေသည် မျက်စိတစ်မှိတ်အတွင်း မှောက်သွားလေသည်။ ရေမြင့်လျှင်ကြာသင့်တယ် ဆိုတဲ့စကားပုံအတိုင်း လှပတဲ့ကြာကြောင့် ရေသည်လည်း အတော်မြင့်လှသည်။ ရေမကူးတတ်သော ကျနော်အဖို့တစ်စုံတစ်ရောက်ပေါ်လာရန်တာ ဆုတောင်းနေမိသည်။

မျက်စိတစ်စုံမမှိတ်ခင်အထိ နေရောင်ခြည်ထိုးဖောက် ထွန်းလင်း‌ နေသော ရေပြင်ပေါ်ကို လက်ကျန်မျှော်လင့်ချက်ကို ‌ပိုက်ကာဖြင့် ကြည့်နေမိသည်။ ကန်ကြမ်းပြင်နှင့်ထိရန်အတော်လိုသေးသကဲ့သို့ ရေမျက်နှာပြင်နဲ့လည်း အတော်အလှမ်းဝေးနေလေပြီ။

ဆရာရေထဲ ကျသွားသည်နှင့်တစ်ပြိုင်နက် စိုင်းသည် အရှိန်ဖြင့် ရေထဲ ဒိုင်ပင်ထိုးချလိူက်သည်။ သူ့၏ ဒိုင်ပင်ရှိန်ကြောင့် သူ၏ လှေပင် မှောက်ကျသွားသည်။ လှေပေါ်ရှိ အံ့ရှိန်အတွက်တော့ မသက်သာလှ။

"ဟဲ့ ရေငုံသွားတာကြာလိုက်တာ...."

မကျော့မှာ ကြောက်စိတ်များကြက်ပျောက်ငှက်ပျောက် ပျောက်ကာ စိုးရိမ်စိတ် ရင်တထိတ်ထိတ်ဖြင့် ကန်ရေပြင်ကို မျှော်ငေးနေသည်။

"ကျနော်ရောဆင်းသွားမယ်...."

"သစ်လွင်...စိုင်းဟန်ဆင်းသွားပြီလေ..စိတ်ချလိုက်ပါတော့...."

သစ်လွင်၏ လက်မောင်းလေးကို ဆွဲကာ ခဏစောင့်ကြည့်ရန် ပြောသော မြစကားထဲတွင် ဆရာကိုလည်း စိုးရိမ်သကဲ့သို့ သစ်လွင်ကိုလည်း စိတ်မချနိုင်ဖြစ်နေရ၏။

"ဟယ်....ဟိုမှာ ပေါ်လာပြီ"

စိုင်းသည် ဆရာကိုလည်း တင်းစွာပိုက်ကာ ယက်ကမ်းယက်ကမ်းဖြင့် မှောက်နေသောလှေတစ်ခုကို  ကိုပိုင့်အကူအညီနှင့်လှန်ကာ ဆရာ့ကို လှေပေါ်တင်လိုက်သည်။ ထို့နောက် ရှေးဦး သူနာပြုစုနည်းဖြင့် ရင်ဘတ်ကို 30ကြိမ် ၂ခါ ဖိရာ တုပ်တုပ်ပင် မလှုပ်လာ။ အဲ့အတွက်ကြောင့် CPR၏ ဒုတိယနည်း  mouth to mouth ဖြင့်သာ လုပ်ရတော့မည်။

တစ်ကြိမ်နမ်းခဲ့ဖူးသော ဆရာ့နှုတ်ခမ်းများသည် ယခုတစ်ခါတွေ အေးစက်ကာ ဖြူဖတ်နေသည်။ အနမ်းဟု မတင်စားလို ဆရာ့အသက်အတွက် မသက်သာသည့် အဆုံး ပြုလုပ်ရခြင်းသာဖြစ်သည်။ အခွင့်အရေးယူလွန်းသည်ဟုလည်းအထင်မခံနိုင်။ 

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now