Unicode;;;
"ဆရာကြီး..ဆရာကြီးနဲ့ စကားနည်းနည်းပြောချင်လို့ပါ"
ရုံးခန်းအထိ တကူးတကလာခြင်းမှာ ကျောင်းအုပ်ဆရာကြီးဟူသောဂုဏ်ကို ရွာသူကြီးတစ်ယောက်အနေနှင့်ထည့်တွက်ခြင်းပင်ဖြစ်လိမ့်မည်။
"ရွာသူကြီးပါလားဗျ ၊ လာပါ လာထိုင်အုန်း၊ ကိုအောင်မိုးရေ သူကြီးအတွက် ရေနွေကြမ်းလေးနဲ့လက်ဖက်သုပ်ယူလာပေးပါအုန်း"
"မလိုပါဘူး ဆရာရယ် ရေအေးအေးတစ်ခွက်လောက်ဘဲပေး နေပူထဲကနေလာရတာဆိုတော့ ရေအေးလေးဘဲသောက်ချင်တယ်"
ခမောက်ကိုကိုင်၍ယပ်ခပ်ကာဖြင့် ခပ်လာပေးသောရေခွက်ကို တကျိုက်ထဲမော့သောက်လေတော့သည်။
"နောက်တစ်ခွက်ယူအုန်းမလား သူကြီး"
"နေ..နေ ရပြီဆရာ တော်ပြီ"
လက်ကာ၍ပြပြီးသည့်နောက် ရွာသူကြီးမှာဘေးဘီဝဲကြည့်၍ တစ်စုံတစ်ရာကိုရှာဖွေနေသည့်ပုံပင်။"လာရင်းကိစ္စကို ပြောရအောင် ။ဒါနဲ့ဆရာပိုင်တစ်ယောက်ရော သူ့ကိုပါခေါာလိုက်ပါလား ဆရာကြီး"
"ဆရာပိုင်ကိုလား"
ကိုအောင်မိုးကိုခေါာခိုင်းရန်ပြောနေစဉ် စိုင်းနှင့်ကိုပိုင်ဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်ချလာတော့သည်။
"ဟော ကိုပိုင်လာတာနဲ့အတော်ဘဲ သူကြီးကပြောစရာရှိပုံဘဲ"
၀င်လာစဉ်က စိုင်းနှင့်ရီမော၍၀င်လာသောဆရာပိုင်မှာချက်ချင်းဆိုသလိုပင် မျက်နှာပျက်သွားသည်။
"ထွေထွေထူးထူးတော့မဟုတ်ပါဘူး၊ ဆရာပိုင်က နန်းစံနဲ့ပတ်သတ်ပြီး ကောလဟလ ဆိုမလား၊အတင်းအဖျင်းဆိုမလား ပြောနေကြလို့ပါ ကျနော်ကနေပြီး မဖြစ်သင့်တာမဖြစ်အောင်သတိလာပေးတာပေါ့"
"ဗျာ.အဲ့ဝာာက ဟို....."
ကိုပိုင်ပုံစံမှာ မထင်မှတ်ထားသည်ကို ကြားလိုက်ရသည့်ဟန်စကားများအထစ်ထစ်အငေါ့ငေါ့နှင့် ခွေးအလှည်းနှင်းသကဲ့သို့ပင်။ မနက်တိုင်းအိမ်မှအစောကြီးထသွားပြီးကျောင်းတတ်ချိန်နောက်ကျမှရောက်လာကတည်းက ကိုပိုင့်ခြေလှမ်းများကိုသတိထားမိနေသည်မှာအတော်ပင်ကြာနေပြီ။ ဈေးနေ့တုန်းက မနန်း ဆိုင်မှာရောင်းကူနေတာသိလိုက်ချိန် ကြားထားသည်မှာ ပို၍ပင်သေချာနေလေပြီ။
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸