Part-14🌸

1.7K 171 6
                                    

Unicode;;;

            ရွာနောက်ဖက်ရှိ လယ်ကွင်းများစီ ညနေညခင်းလမ်းလျှောက်ထွက်လာသည်။ စပါးခင်းများသည်လည်း မိုးကောင်း၍ စိမ်းစိုနေသည်မှာမြကတ္တီပါခြုံလွမ်းထားသည်နှင့်တူလှသည်။ စိုင်းနှင့်ကျောင်းသွားအတူ၊ပြန်အတူ ထိုပင်မက ယခုကဲ့သို့မကြာခဏလမ်းအတူလမ်းလျှောက် သောကြောင့် အတော်ပင်သံယောဇဉ်တွယ်လာသည်။ 'လမ်းမှားမှာဆိုးလို့၊ တစ်ခုခုဖြစ်မှာဆိုးလို့၊ စိတ်မချလို့"စသဖြင့်ဆင်ခြေဆင်လက်အမျိုးမျိုးဖြင့်တွယ်ကပ်လာသူ စိုင်းကို မပထုတ်မိ၊ မသိစိတ်ကကျေနပ်နေခဲ့သည်မှာအမှန်။ လယ်ကန်တင်းတစ်လျှောက်လမ်းလျှောက်လာပြီးနောက်

"ဆရာ"

"စိုင်း"

ပြိုင်တူခေါာလိုက်မိကြသည်။ဂုတ်သားများကိုပွတ်ရင်းစိုင်းပုံစံမှာရှက်သွားသည့်ပုံပင်။

"စိုင်း အရင်ပြောလေ"

ရှက်ပြုံးလေးပြုံးရင်း ကျေနပ်စွာဖြင့် အချိုသပ်ပြောဆိုလာတော့သည်။

"ဟိုလေ ကျနော်တို့ပြန်ရင် ကျနော့အိမ်ကိုလိုက်လည်ပါလား၊ဆရာမရောက်ဖူးသေးဘူးမလား"

လေအေးအေးလေးများကို တ၀ကြီးရှူရှိုက်ကာ စိုင်းမျက်နှာကို‌ ငဲ့ကြည့်လိုက်မိသည်။ ရှမ်းဘောင်းဘီကိုသာ စွဲမက်စွာ ၀တ်ဆင်သော စိုင်းသည် ကျနော့နေ့ရက်တိုင်း၏ ကျက်သရေပင်။
၀င်သက်ထွက်သက်ပြုနေစဉ်တိုင်း ဒီလူသားသာအနီးအနားမှာရှိနေပါက ကျနော့၏ရှင်သန်ချိန်များသည် ရွှေအတိဖြင့်ပြီးနေလိမ့်မည်။

"အင်း ဟုတ်ပြီလေ၊အဲ့တာဘဲလား။"

"အော့ ဒါနဲ့ဆရာက ဘာပြောမလို့လဲ"

ထိုသို့ပြောပြီးနောက် ခေါင်းကို အသာအယာငြိမ့်ပြကာ ပိရိနေသောနှုတ်ခမ်းများကိုတင်းစွာစေ့လိုက်ပုံကြောင့် နှလုံးသားလေးပါ ဟစိဟစိနှင့် နေမထိထိုင်မသာဖြစ်သွားရပြန်သည်။

"စိုင်းအတွေးလေးသိချင်လို့ပါ၊ကျောင်းပိတ်ရက်၂ရက်မှာ တစ်ရက်လောက်ဖြစ်ဖြစ် ကလေးတွေကိုအခြေခံကောင်းအောင် စာသင်ပေးချင်လို့ အဲ့လိုလုပ်လို့ရတယ်မလား"

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now