Part-3 🌸

3.8K 345 15
                                        

Unicode:

"ဆရာ ဟေစွမ်းမာန် ပြဿနာကြီးကြီးမားမားမဖြစ်ချင်ရင် ကျွန်မတို့ကို တောင်းပန်လိုက်ပါ"

"ဘာကိစ္စကျနော်ကတောင်းပန်ရမလဲ။ ကျနော့လိုဆရာက ကိုယ့်တပည့်ကို ဆုံးမတာကို ပြန်တောင်းပန်ရမယ် ဆို‌တော့အဓိပ္ပာယ်ရှိရဲ့လား။ ပြီးတော့ ကျနော့အမှားနည်းနည်းမှမပါဘူးလေ"

"ဆရာ ဟေစွမ်းရယ် တောင်းပန်ပြီးကျေအေးလိုက်ပါတော့"
ခပ်မဲ့မဲ့သာပြုံးပြလိုက်မိသည်။လမ်းမှားရောက်နေသောကျောင်းသားတစ်ယောက်ကို လမ်းမှန်ရောက်အောင်ပြင်ပေးရမည်ကား ဆရာတစ်ယောက်၏ကျင့်၀တ္တရားပင်မဟုတ်လား။"အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ"ဆိုတဲ့အတိုင်းလုပ်ဆောင်သည်ကို မှားမိခဲ့သည်မထင်။

လူငယ်သဘာဝအသစ်အဆန်းကိုလေ့လာတတ်ကြသည်မှာဓမ္မတာပင်။ကျောင်းအိမ်သာ‌တွင် ဆေးလိပ်ခိုးသောက်နေသောကျောင်းသားအုပ်စုကိုမျက်မြင်တွေ့ရပြီးဆိုဆုံးမ၍လွှတ်လိုက်သည်။
သို့သော်မကြောက်မလန့်တတိယအကြိမ်ဆိုပြီးထပ်ရှိလာသေးသည် သို့သော်ဆေးလိပ်ပင်မဟုတ်တော့ စိတ်ကြွဆေးအဆင့်အထိပင်ဖြစ်လာသည်။"မူးယစ်ဆေးဝါးအစ၊ဆေးလိပ်က "ဟူသည်မှာအမှန်ပင်ဖြစ်နေတော့သည်။

ထိုအခါ ချော့တစ်ခါ၊ခြောက်တစ်လှည့်ဆိုကျသကဲ့သို့ ရိုက်နှိပ်ဆုံးမလိုက်ရာ ရွှေဇွန်းကိုက်မွေးဖွားလာသော၂၁ရာစုကုဋေ၈၀သူဠေးသား၏ မိခင်ဖြစ်သူသည်ရုံးခန်းခေါာလေတော့သည်။ဖြစ်စဉ်ကဤကဲ့သို့ပင်။

"ဆရာက ကျွန်မ ဘယ်သူဘယ်ဝါဆိုတာသိပုံမပေါာဘူးဘဲ၊အဲ့တာကြောင့် ကျွန်မရဲ့မထိရက်မကိုင်ရက်သားလေးကိုရိုက်လိုက်တာများကွယ်"

"ဒီမှာ အမ၊ဒီနေရာကစာသင်ကျောင်း ဒုစရိုက်လုပ်လို့ရတဲ့နေရာမဟုတ်ဘူး။ အမရဲ့သားမမှားဘဲ နေရင်းထိုင်ရင်းကျနော်က ရိုက်မလားဗျ။ဦးနှောက်ပါပြီး မစဉ်းစားတတ်ဘူးလား။
ပြီးတော့အမကြီးက ဘယ်သူမှန်းသိရအောင် နာဖူးမှာစာရေးကပ်ထားလို့လား။ ဂုဏ်ရှိန်ဂုဏ်ဝါ ဟိန်းဟိန်းတောက်နေတဲ့သူဆိုရင်လည်း ကျနော်ကတော့ စိတ်မ၀င်စားဘူး၊လိုက်ပြီးမေးမြန်းစုံစမ်းနေရအောင်လည်းမအားဘူး။အခုလို ကျနော့ကိုခေါာပြီး တောင်းပန်ခိုင်းနေမဲ့အစား ကိုယ့်သားကိုနိုင်အောင်ထိန်းနေတာက ပိုကောင်းမယ်ထင်တယ်။မကောင်းကျောင်းပို့ ဆိုသလိုမဖြစ်ရအောင်ပေါ့။

" မင်း မင်းးး"

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ