Unicode;;;;
တောသူဌေးဟုဆိုသည့်အတိုင်း စိုင်းတို့အိမ်သည်တစ်ရွာလုံးတွင်အကျယ်ဆုံးပင်။ ကျွန်းသစ်ဖြင့်ဆောက်လုပ်ထားသော၂ထပ်အိမ်လေးဖြစ်သည်။ ခြံရှေ့တွင် နွားတဲနှင့် ခြံနောက်တွင် သီးပင်၊စားပင်များကို စနစ်တကျစိုက်ပျိုးထားသည်။
"အဖေ၊အမေ သားပြန်ရောက်ပြီ"
"အေး သား၊မိုးမိထားပါလားကွယ်"
ရှမ်းစကားဖြင့်သားအမိနှစ်ယောက်ပြောဆိုနေကြသည်။အနောက်တွင်ရပ်နေသော ကျနော်အားသတိထားမိဟန်မပေါာ။
"ဆရာလည်းပါလာတယ် အမေ"
"အယ် ဟုတ်လား"
"မိုင်ဆုန်ခ(မႂ်ႇသုင်ၶႃႈ=မင်္ဂလာပါ) ပကြာ၊ ယူလီယူခဟ(နေကောင်းတယ်မလား)"
မပီကလာပီကလာ ရှမ်းစကားဖြင့် နှုတ်ဆက်လိုက်ရာ သဘောကျစွာပြုံးနေတော့သည်။
"နေကောင်းပါတယ် ဆရာရယ်၊ လာလာအိမ်ထဲကိုလာ၊ လာထိုင်အုန်းဆရာ"
"ဟုတ်"
ထိုင်ခုံလေးတွင်၀င်ထိုင်ရင်းဖြင့် ကမ်းပေးလာသောရေနွေးကြမ်းကိုယူ၍နှုတ်ခမ်းဖူးဖူးဖြင့်မှုတ်နေသော၊ရှက်ရဲရဲဖြစ်သွားသော ဆရာ့ကိုကြည့်၍ သဘောကျစွာပြုံးနေမိသူကို
"ဟဲ့ အိုက်ဟန်ဘာရပ်လုပ်နေတာလဲ ဆရာ့အတွက် အ၀တ်လှဲဖို့သွားယူပေးလေ၊ဆရာလေးအအေးပတ်တော့မယ်"
"ဟုတ် အမေ ဟုတ်"
မျက်စောင်းနုနုလေးခဲကာဖြင့်ပြောဆိုလိုက်သော်လည်း မျက်နှာလေးမှာ တင်းမာမှုမရှိပေ။ သားဖြစ်သူကိုမာန်မဲပြီးနောက် ချိုချိုသာသာပြုံးကာဖြင့် ခရားရေလွတ်စကားဆိုလာတော့သည်။
"ခုမှဘဲဆရာ့ကိုအပြင်မှာတွေ့ဘူးတော့တယ်၊ ဆရာလေးကတကယ့်အလှလေးပါလား၊ သားကလည်းဆရာ့အကြောင်းတဖွဖွဘဲ၊ ဆရာရဲ့တော်ကြောင်း၊လှကြောင်းတွေခဏခဏ ပြောနေတာကွယ်"
"အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး ပကြာရယ်၊သူကအဲ့လိုတွေပြောပြတာလား။"
"အမယ်လေး ဆရာမမြင်လို့ ဒီကလေးက ဆရာ့အကြောင်းဆိုရေပက်မ၀င်ကိုပြောတာ။ ပြီးတော့ရှိသေးတယ် ဆရာလာမှ သူကလိမ်မာလာတာ ဆရာရေ ။အရင်တုန်းကဆို ရိုးရေကိုးပေါက်လျှောက်သွားနေတတ်တာ"
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸