Unicode;;;
စာရှည်ပါတယ်နော်
ဗဟုသုတအနေနဲ့ ဖတ်ချင်တဲ့သူဖတ်ပါဗျ🖤ခွန်ဟိကွဲခမ်းရဲ့သမိုင်းကြောင်း က မနေ့ကဖော်ပြလိုက်တာကတစ်မျိုး ဖြစ်နေပြီး အခုဟာကတစ်မျိုးဖြစ်နေလို့ပါ။ သမိုင်းသုံးသပ်လေ့လာနေတဲ့သူမဟုတ်လို့ လိုအပ်ချက်များစွာရှိနေနိုင်ပါတယ်။ ခွန်ဟိအကြောင်း မပြောခင် ကျနော်ကနေပြီး
သမိုင်းနဲ့ မြန်မာမင်းတစ်ပါး အကြောင်းအရင်ဖော်ပြလိုက်ရပါတယ်။[သမိုင်း=လူနှင့်ဆက်စပ်နေသောအရာများကို သမိုင်းဟုခေါ်ဆိုသည်။
ဥပမာ-မြို့ ရွာ၊ အဆောက်အဦး ပြတိုက်၊ဘုရား စေတီ ၊လူ
ပုဂ္ဂိုလ် စသည်တို့သည် သူ့သမိုင်းနှ့င်သူရှိလေသည်။]နရသီဟပတေ့ (တရုတ်ပြေးမင်း)(၁၂၅၄-၁၂၈၇ )
**************************နရသီဟပတေ့သည် ဥဇနာ၏သားတော်ငယ်ဖြစ်သော်လည်း၊ သားတော်ကြီးသီဟသူ၏မာနခက်ထန်မှုကို အလိုမကျသော ရာဇသင်္ကြန်ခေါင်းဆောင်သည့် မင်းအမတ်များကြောင့် မင်းဖြစ်ခဲ့သည်။ (သီဟသူက အမတ်ကြီးရာဇသင်္ကြန်ရဲ့ အင်္ကျီစကို ကွမ်းသွေးနဲ့ ထွေးလိုက်လို့ပါ)
ဆိပ်တိမ်းကမ်းဖြူရွာမှ ခမည်းတော်၏ မောင်းမငယ်ကို မိဖုရားမြှောက်ရာ မိဖုရားဖွားစော တွင်၍ ရာဇဝင်တွင်ထင်ရှားသည်။
အင်အားပျက်ပြားခြင်း
မင်းကြီးသည် အမျက်ဒေါသပြင်းပြသည်။ အကွပ်မျက်ထူသည်။ မင်္ဂလာစေတီတော်ကိုတည်ရာ “ဘုရားလည်းပြီး၊ ပြည်ကြီးလည်းပျက်” ဟူသော တဘောင်ပေါ်သောကြောင့်ရပ်ထားရသည်။ နောက်မှ ပံသကူဆရာတော်ဆုံးမ၍ ဆက်လက် တည်ထားရသည်။ ပျော်ရွှင်မှုကိုအာရုံ
အပြုများ၍ အကွပ်အမျက်ပြင်းထန်သဖြင့် တိုင်းပြည်အင်အားဆုတ်ယုတ်လာခဲ့ရသည်။ ရာဇသင်္ကြန်အမတ်ကြီးကိုလည်း ချီးမြှောက်သင့်သလောက်
မချီးမြှောက်သဖြင့် အမတ်ကြီးစိတ်ခု၍ မင်းကြီး၏အမျိုးကို ထိခိုက်၍ ဆိုသည်။(နရသီဟပတေ့ရဲ့ မိခင်က ပန်းပွတ်သည်မျိုးရိုးပါ။ နရသီဟပတေ့ ဘုရင်ဖြစ်ခဲ့ရင် "အသင် ကောင်းစားရင် ကျွန်ုပ်ကို မမေ့နဲ့" ဆိုပြီး ပြောထားဖူးပါတယ်။ နရသီဟပတေ့က ကတိမတည်မေ့လျော့ပျော်ပါးနေလို့ တစ်နေ့မှာ အမတ်ကြီးကနေပြီး ပန်းကပ်အကျိုးအပဲ့နဲ့ သူထံခစားပါတယ်။ နရသီဟပတေ့က
"အဘယ်ကြောင့် ပန်းကပ်အကျိုးအပဲ့ကြီး ကိုင်ဆောင်နေရသလဲ " လို့မေးလိုက်တဲ့အချိန် အမတ်ကြီးရာဇသင်္ကြန်က
VOCÊ ESTÁ LENDO
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸