Unicode;;;;
သီပေါမှာ တစ်ညအိပ်ပြီး မနက်ဝေလီဝေလင်းဆိုရင်ဖြင့် စိုင်းနှင့်ရွာပြန်ဖို့ကိုစီစဉ်ရတော့မည်။ သီပေါမြို့နှင့် ၄၅မိုင် အကွာတွင် ရှိသော ရှမ်းမြောက်၏ မြို့တော် လားရှိုးမြို့ကို သွားပြီး လေယာဉ်ဖြင့် မန္တလေးကို သွားရန်ပြောသော်လည်း စိုင်းတစ်ယောက် "ဆရာပိုက်ဆံတွေကုန်မယ်" ဆိုတာနဲ့ ကိုင်ပေါက်နေသည်။
"ငွေရေးကြေးရေးခြေတစ်လုံးမွှေး"လို့ ပြောလိုက်တော့ "ဆရာ့မှာ ခြေတစ်လုံး မွှေးမှမရှိဘဲ" တဲ့။ "ပိုက်ဆံတွေကုန်နေပြီလား" တဲ့။ ရှိရှိသမျှသော နတ်မင်းတွေကို တိုင်တည်ပြီး ငိုလိုက်ချင်ပါသေး။
မန္တလေးဆိုသည်မှာ မြန်မာတို့၏ နန်းမူနန်းယာများကို ရင်သပ်ရှုမော မြင်နိုင်မည့် ကျက်သရေအပေါင်း ခညောင်းသည့်မြို့ဖြစ်၍ စိုင်းနှင့်အတူ အချိန်ဖြုန်းလိုသည်။ ဒါကိုလည်း စိုင်းနားလည်မည်မထင်ပါဘူး။
တစ်ခါတစ်လေဆိုရင်ဖြင့် အကောင်ပြရင်တောင် အရိပ်လိုက်ရှာသည့် လူစားမျိုး။
ရိုးလိုက်တဲ့စိုင်း၊ လူရိုးဆိုတာသင်္ချိုင်းမှာဘဲ ရှိတော့တဲ့ခေတ်မှာ သူ့လိုရိုးရိုးလေးကို မူပိုင်ခွင့်ရတဲ့သူတော့ ခေါင်းပေါ်ထမ်းပြီး ကြွားလုံးထုတ်သင့်ပါသည်။စိုင်းနှင့် နှစ်ယောက်တည်းရှိနိုင်မည့် အချိန်ကို ဆွဲနိုင်သလောက် ဆွဲထားချင်မိတဲ့ စိတ်လေးဖြစ်နေမိသည်။
သီပေါမြို့ထဲမှ တောများ၊တောင်များကို ဖြတ်ပြီး လာရောက်တည်းခိုးနိုင်သည့် Treehouseများတွင် စိုင်းနှင့်အတူ ညအိပ်လိုက်သည်။ တောင်များကိုဖြတ်လာရသောကြောင့် တောင်တတ်ခရီးပင် တကူးတကစီစဉ်နေစရာမလိုတော့ပေ။အဆင်ပြေလွန်းလှသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး Treehouse ကိုဝါရင့် guideဆရာ ဦးမျိုးလွင်က သီပေါတွင် တည်ဆောက်ထားခြင်းဖြစ်၏။
သစ်ပင်ပေါ်တွင် ဆောက်လုပ်ထားသောကြောင့် မနက်ခင်း လင်းအရုဏ်အလှကို ရှူမငြီးဖွယ် မြင်ရတတ်သည်။ ကော်ဖီနွေးနွေးလေးသောက်ကာ စိုင်းနှင့်အတူ အရုဏ်ဦးအလှကို တ၀ကြီးခံစားခဲ့ရသေးသည်။
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸