Unicode;;;;
တန်ဆောင်မုန်းလပြည့်နေ့
ဒီနှစ်ရဲ့တန်ဆောင်မုန်းလပြည့်နေ့ကို ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးတန်ဆောင်တိုင်မှာ စိုင်းနှင့်အတူ ကုန်ဆုံးဖို့ အစီအစဉ်ဆွဲထားသည်။
တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၁၂ပေမြင့်သည်။
တောင်ကြီးတန်ဆောင်တိုင်ကို ၁၉၅၀ခုနှစ်မ ရိုးရာပွဲဟု သတ်မှတ်ပြီး စတင်ကျင်းပခဲ့ကြသည်။ သို့သော် ၁၉၈၈ခုနှစ် နောက်ပိုင်းတော့ မကျင်းပခဲ့ကြ။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် မြန်မာနိုင်ငံ၏ ပွဲတော်များထဲတွင် အစည်းကားဆုံးပွဲတော်တစ်ခုဖြစ်ပြီး (၁၀)ရက် သို့မဟုတ် (၈)ရက်စသဖြင့် စည်းကားစွာ ကျင်းပတတ်ကြသည်။ ရာကျော်သောမီးပုံပျံများကို လွှတ်တင်ကြသည်။
ဆောင်းရာသီမို့ ရာသီဥတုချမ်းစိမ့်စိမ့်နှင့် အလွန့်အလွန်သာယာသည်။ ချယ်ရီပန်းတွေလည်း အဆုပ်လိုက်အခိုင်လိုက် လှိုင်နေအောင် ပွင့်နေတတ်သည်။ လက်ဖက်ခင်းများနှင့် တခြားသော စိုက်ခင်းများကိုလည်း တွေ့ရသေးသည်။
မြူနှင်းများကလည်း မနက်တိုင်း ပတ်၀န်းကျင်ကို အပြည့်ဖုံးလွှမ်းထားတတ်၏။ အလွမ်းဓာတ်ခံရှိသူအတွက်တော့ လွမ်းမောဖွယ်ကောင်းလွန်းနေ၏။ တောင်ပြာတန်းတွေကတော့ နှင်းရည်သောက်က အိပ်စက်နေကြ၏။
စိုင်းလက်ကိုဆွဲပြီး တန်ဆောင်တိုင်ပွဲခင်းကြီးထဲ မလည်မဝဲနှင့် ရောက်နေသည်။ လမ်းလျှောက်ပျင်းသူများအတွက် ရပ်နေလိုက်ရုံဖြင့် လူအုပ်၏ တိုးအားတိုက်အားနှင့် ရွေ့ကာပါသွားနိုင်လောက်အောင် လူစည်လှသည်။
"စိုင်း....လက်မှာချည်ထားတဲ့ကြိုးဖြေလိုက်ရအောင်...."
"ဟင့်အင်း....လူအုပ်ထဲ ညှပ်ပြီးပျောက်သွားမှာဆိုးလို့...."
"လက်ဘဲဆွဲလည်းရတဲ့ဥစ္စာကိုကွာ...."
"ကိုကိုနော်...."
ဘာမှမတတ်နိုင်။ မျက်လုံးစူးရဲရဲဖြင့် ကြည့်ကာ ကိုကိုနော်လို့ ခေါ်လိုက်လျှင်ဖြင့် အရည်ပျော်ပြီးသားပင်။
လူကွဲမည်ကိုကြောက်၍ လက်မှာချည်ထားတဲ့ ကြိုးစကိုလည်း ဖြုတ်ဖို့ မပြောတော့။ စိုင်းရဲ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ကပ်ပါသွားလေသည်။
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸