Part-11🌸

1.9K 202 5
                                    

Unicode;;;

      လင်းကြက်တွန်သံနှင့်အတူ ရွာကြီးသည်တစ်ဖန်နိုးထလာတော့သည်။ လူသံ၊ကြက်သံ၊၀က်သံ၊နွားသံစသဖြင့်တိတ်ဆိတ်ခြင်းဟူသည်မရှိ။ ယနေ့သည်ရွာဈေးအလှည့်ကျသောနေ့ဖြစ်လေသည်။ ထိုကြောင့်သာမာန်နေ့ထက်ပို၍ဆူညံနေကြသည်။

၅ရက်တစ်ဈေးဟုခေါာပြီး ရွာတစ်ရွာစီအလှည့်လိုက်ကျရောက်သောဈေးသည် ယနေ့ဟိုပန်ရွာအလှည့်ပင်။ ပုံမှန်နေ့တွင် အိမ်ဆိုင်ဖြစ်သော မနန်းခေါက်ဆွဲဆိုင်နှင့်ကုန်စုံဆိုင်၂ဆိုင်၊၃ဆိုင်လောက်သာဖွင့်သည်။ ကုန်စိမ်း၊ကုန်ခြောက်အစ အင်္ကျီ၊ ဖိနပ်၊ စာအုပ်စသည့် အမျိုးမျိုးသောအသုံးအဆောင်များကိုလည်း ယ‌နေ့ ဈေးနေ့တွင်သာဝယ်ယူရရှိနိုင်သည်။ ခြံအတွင်း သစ်ရွက်ကြွေများကို ရှင်းနေရင်း ၀င်းတံခါးမှ

"ဆရာရေ ဆရာ နိုးပြီလားဆရာ"နေ့စဉ်ကြားနေရသောအသံလေးပင်။ တံမြတ်စည်းကြမ်းကိုချ၊ပုဆိုးကိုသေချာပြင်၀တ်ပြီး ဝါးလုံး၄‌ချောင်းဖြင့်ကန့်ထားသော၀င်းတံခါးအနားပြေးသွား၍

"အင်း စိုင်း။သွားကြတော့မလား"

"ဟုတ်"

"ခဏလေး ကိုပိုင်ဘာမှာမလဲမေးအုန်းမယ်"

"ဆရာပိုင်က သူထိုင်နေကြခေါက်ဆွဲဆိုင်ကိုရောက်နေ‌ရောပေါ့။ ဒီနေ့လူကျမှာဆိုတော့ သူကအမှတ်တိုးအောင်ရောင်းကူနေမှာ‌သေချာတယ်။"

ပြုံးရင်းရီရင်း အတပ်ပြောလာသော စိုင်းစကားကြောင့် နောက်ပြန်မလှည့်တော့ဘဲ အိမ်ပြင်သို့ လှမ်းရတော့သည်။ ဝါးလုံးများကို ကန့်လန့်ထိုးရင်း ဘယ်‌တော့အခါမှ မပြောမဆို  လုပ်ချင်ရာ လုပ်တတ်သော ကိုပိုင်ကို အပြစ်ဖို့မိသေးသည်။

"ဟုတ်လား ကိုပိုင်ကပြောကိုမပြောသွားဘူး။ တစ်အိမ်ထဲနေတဲ့သူချင်းကိုတောင် အသိမပေးဘူး"

"လာဆရာ ကျနော်တို့သွားရအောင်"

"အင်း"

မနေ့ညကတည်းက ရွာဈေးခေါာလည်မည်ဟု စိုင်းတစ်ယောက် ပြောထားသောကြောင့် မနက်စောစောထ၍ပြင်ဆင်စရာရှိသည်ကိုပြင်ဆင်ထားသည်။ ကျ‌နော်သည်ခါတိုင်းကဲသို့ပင် ပုဆိုးနှင့်အဝါမှိုင်းရောင်လက်ရှည်ကိုသာ ရိုးရှင်းစွာ၀တ်ဆင်ထားသည်။ စိုင်းတစ်ယောက်တော့ဖျင်နီရှမ်းဘောင်းဘီနှင့်ချည်အင်္ကျီကြောင့် ယနေ့ပို၍‌တောက်ပြောင်နေသည်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now