Part-28🌸

1.4K 128 5
                                    

Unicode;;;

    ညတုန်းကလည်း တော်ရုံမအိပ်ပျော်လို့ အခုလူက နောက်ကျိကျိဖြစ်ပြီး မူးနောက်နေသည်။ လုပ်လက်စများကို ခဏချထားပြီး  ဇက်ကြောများနှင့် မျက်ရိုးများကို ဖိနှိပ်နေမိသည်။

🎶မကြာခင် သီးတင်းကျွတ်တော့မယ် မင်းနဲ့အတူတူ နေရာစုံအောင်လျှောက်လည်ချင်တယ်🎶

ကိုယ်တော်ကြီးသစ်လွင်ကတော့ အခန့်သား ခြေချိတ်ထိုင်ကာ 
ဖြင့် အားရပါးရ သီဆိုနေလေသည်။

"သစ်လွင်...ညီ...ဒါကျောင်းနော် အိမ်မဟုတ်ဘူး  ဆင်ဆင်ခြင်ခြင်နေအုန်း"

"ကိုကိုရယ်...ဘာဖြစ်နေတာလဲ မနေ့ကတည်းက စိတ်မကြည်တာနဲ့ ကျနော့်ကိုဘဲ မဲနေတော့တာဘဲ"

စူအောင့်အောင့်ဖြင့် တုန်တုန်မှုန်မှုန်ကြည့်ကာ ပြောလာသော သစ်လွင်သည် တကယ့် မနိုင်စိန်ပင်။
အနည်းငယ်ပွယောင်းနေသော ဆံစများကို အုန်းဆီဖြင့်  ဖိလိမ်းထားသောကြောင့် ကျနော့၏ မျက်နှာသည် ပိုထင်းနေတတ်သည်။ သစ်လွင်သည် မှေးစေ့မှကိုင် မ ကြည့်ကာ
ဂရုဏာသံ ပြောလာသည်။

"ကိုကို့ မျက်နှာလည်း ပိန်ကျသွားတယ်နော်..."

"အင်း...."

ကျနော်၏ စာရေးစားပွဲပေါ်တက်ထိုင်ပြီး ဘောပင်ခွက်ကို ကိုင်ရင်း

"မေမေသာ မြင်လို့ကတော့ ငါ့သားကြီးရေ ပြန်လာပါတော့ လို့ခေါ်နေမှာ သေချာတယ်"

စားပွဲကို ဖင်ခုထိုင်နေသော သစ်လွင်၏ကျောကို စာအုပ်ဖြင့် လှမ်းရိုက်ကာ ဆင်းစေလိုက်သည်။ မနာသည်ကို ဟန်လုပ်ကာ ပွတ်ရင်းဖြင့် ပါးစပ်ကလည်း ပွစိပွစိဖြင့် ပြောနေသေးသည်။

"သစ်လွင် သွားစရာ ရှိရင် သွားတော့.....။ ငါ့နားမှာလာပြီး ရစ်သီရစ်သီမလုပ်နဲ့ စိတ်ရှုပ်‌တယ်"

"ကိုကို မေးစရာလေးရှိသေးတယ်...ဟဲဟဲ"

သစ်လွင်သည် ခပ်ဟဟလေးရီကာဖြင့် ဇက်ကြောများကို လက်များဖြင့် နှိပ်နယ်ပေးလာသည်။

"ကိုကို မြကို ဘယ်လိုမြင်လဲဟင်..."

"ဘယ်လိုမြင်ရမလဲ...။ အသင်အပြကောင်းပြီး ထက်မြတ်တဲ့ ဆရာမလို့ဘဲ မြင်တာပေါ့..."

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now