Unicode;;;;
သင်ပုန်းထက်က စာလုံး၂လုံး ဘယ်သူရေးသည်ကို ထွေထွေးထူးထူးစဉ်းစားနေစရာမလို အံ့ရှိန်တစ်ယောက်တာဖြစ်ရမည်။
A-6ဆိုတဲ့စာကို မဖျက်သေးဘဲ ကလေးများဖက် လည့်ကာမေးလိုက်သည်။"ဒါဘယ်သူရေးသွားတာလဲ ကလေးတို့...."
"ဆရာအံ့ရှိန်က ရေးသွားတာပါဆရာကြီး....."
အတန်းခေါင်းဆောင်က မတ်တပ်ထကာ ရို့ကျိုးစွာပြောလာ၏။ "ဟုတ်ပြီ ထိုင်"ဟု ပြောပြီး ဖျက်ရန် လုပ်နေခိုက် ရှေ့ဆုံးတန်းမှ ကလေးမတစ်ယောက်က အသံအုပ်အုပ်ဖြင့် မေးလာလေ၏။
"ဆရာကြီး အဲ့တာ ဘာအဓိပ္ပါယ်လဲ....ဆရာအံ့ရှိန်က သိချင်ရင် ဆရာကြီးကိုမေးလိုက်တဲ့..."
ကလေးများကို ကျောပေးကာဖြင့် ကျောက်သင်ပုန်းကို မျက်နှာမူရင်း အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။
ကလေးများဖက်ကို အတောက်ပဆုံးဖြစ်အောင် ပြုံးပြရင်း ကလေးတွေစိတ်ထဲ လူသားချင်းစာနာမှုလေး ထည့်သွင်းပေးနိုင်ရန် စွမ်းဆောင်ရတော့သည်။"ကလေးတို့ တကယ်သိချင်ကြလား...."
"သိချင်ပါတယ်ဆရာ..."
"ဟုတ်ပြီ ဆရာတစ်ခု မေးပါရစေ ။ အခုဒီစာလုံး၂လုံးကို မရှင်းပြခင် မင်းတို့လေးတွေ လူကို လူလို မြင်ပေးနိုင်ကြမလား....."
"......."
တစ်ယောက်နှင့်တစ်ယောက် လှည့်ကြည့်ရင်းဖြင့် "မြင်ပေးနိုင်ပါတယ် ဆရာ"ဟု သံပြိုင်ဖြေကြားလာသည်။
အံ့ရှိန်တစ်ယောက် ဒီကလေးတွေကို ဘယ်လိုစိတ်မျိုးဖြစ်စေချင်ပါလိမ့်။ ကလေးတွေ၏ လက်ခံလွယ်သော အတွေးအမြင်ကို တိမ်အောင်လုပ်နေတဲ့ အံ့ရှိန်ကို လွန်စွာစိတ်ပျက်ရသည်။
"A-6 (အေစစ်) ဆိုတာ မြန်မာလိုထွက်မယ်ဆိုရင် အေခြောက် ပေါ့။ အေခြောက်ကို အနီးစပ်ဆုံးယူလိုက်မယ်ဆိုရင် အခြောက်လို့ အသံထွက်လို့ရတယ်...."
"အခြောက်...အခြောက်ဟုတ်လား ဆရာ"
ဟုတ်သည်။ အခြောက် ။ ထိုစကားလုံးက နား၀င်ဆိုးသလို ပြောခံလိုက်ရသူအတွက်လည်း နစ်နေအောင်ခံစားစေနိုင်လောက်သည်။ ရိုင်းလွန်းပြီး လူတစ်ဖက်သား၏ စိတ်ကိုအောက်ဆုံးရောက်အောင် ထိုးနှက်နိုင်တဲ့ စကားလုံးတစ်လုံးဘဲ။
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸